Latest News

Sunday, May 27, 2018

သရုပ်ဆောင် အလုပ်ကို နှစ်သက်လာပြီဆိုတဲ့ အဆိုတော် လွှမ်းပိုင်

သရုပ်ဆောင် အလုပ်ကို နှစ်သက်လာပြီဆိုတဲ့ အဆိုတော် လွှမ်းပိုင်

တေးသီချင်းများကို သီဆိုရင်း ပရိသတ် အားပေးမှုရခဲ့သည့် အဆိုတော်လွှမ်းပိုင်က သီချင်းဆိုရင်း သရုပ်ဆောင်ပိုင်းကိုလည်း ကူးပြောင်းလာပြီး လက်ရှိတွင် သရုပ်ဆောင် အလုပ်ကို နှစ်သက်လာပြီဖြစ်ကြောင်း ပြောသည်။

''ကျွန်တော် အခုနောက်ပိုင်း သရုပ် ဆောင်လုပ်ရတာကို နှစ်သက်လာပါပြီ။ ရှေ့ဆက်ပြီး သရုပ်ဆောင်အပိုင်းကိုလည်း လုပ်ဆောင်မှာဖြစ်သလို သီချင်းဆိုတာတွေ ကိုလည်း ဆက်လုပ်သွားမှာပါ'' ဟု လွှမ်းပိုင် ကပြောသည်။ လက်ရှိတွင် ၄င်းပါဝင်သရုပ်ဆောင်ထား သည့် ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကား အတွက် ဇွန် ၁ ရက်တွင် မန္တလေးမြို့၌ ပရိသတ်များနှင့် တွေ့ဆုံရန်ရှိနေပြီး ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၌ ပရိသတ်များနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

 ''အခုရုံတင်မယ့် ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော် ဇာတ်ဝင်တေးတစ်ပုဒ်ကိုလည်း ခံစားရေးဖွဲ့ထားပါ တယ်'' ဟု လွှမ်းပိုင်ကပြောသည်။ လွှမ်းပိုင်အနေဖြင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလျက်ရှိပြီး မကြာမီ ၄င်းသရုပ် ဆောင်ထားသည့် ကြွေရုပ်ရှင်ဇာတ်ကား လည်း ရုံတင်ပြသရန်ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment