Latest News

Saturday, May 19, 2018

ဗေဒင်ဆရာဟန်ဆောင်၍ အိမ်အတွင်းဝင်ကာ ၇ တန်းကျောင်းသူကို မုဒိန်းကျင့်ရန်ကြံစည်

ဗေဒင်ဆရာဟန်ဆောင်၍ အိမ်အတွင်းဝင်ကာ ၇ တန်းကျောင်းသူကို  မုဒိန်းကျင့်ရန်ကြံစည်

  မော်လိုက်မြို့ ညောင်ပင်သာ ရပ်ကွက်တွင်  အသက် ၁၃နှစ်အရွယ် ခုနှစ်တန်း ကျောင်းသူ တစ်ဦး နေအိမ်၌ တစ်ယောက်တည်းရှိနေစဉ် ဗေဒင်ဆရာ ဟန်ဆောင်၍ မုဒိန်းကျင့် ရန် ကြံစည်သူ အား အိမ်နီးချင်းများမှ ၀ိုင်းဖမ်းပြီး ရဲစခန်းသို့  ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

  ဖြစ်စဉ်မှာ မေလ ၁၅ ၇က်နေ့ မွန်းလွဲပိုင်းက  ၇တန်းကျောင်းသူ ၏ မိဘနှစ်ပါးသည် သမီးဖြစ်သူကို တစ်ယောက်တည်း အိမ်စောင့်ထားခဲ့ပြီး  ချင်းတွင်းမြစ်အတွင်း  သဲများတင်ဆောင်ရန် နေအိမ်မှ ထွက်သွားခဲ့သည်။နာရီဝက်ခန့်အကြာတွင် ကျောင်းသူ နေအိမ်ထဲသို့ အမည်မသိ  အသက် ၄၀ကျော်အမျိုးသားတစ်ဦးဝင်လာပြီး ဗေဒင်ဟောပေးမည် ဟု  ဆိုကာ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားအားထုတ်နေသည်ကို အိမ်နီးချင်းများမှ မြင်တွေ့၍ ရပ်ကွက်ရုးံသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြကြောင်း အမှုဖွင့်တိုင်ကြားချက်အရသိရသည်။

    ကျောင်းသူကို မုဒိန်းကျင့်ရန် ကြံစည်သူမှာ မကွေးတိုင်းဒေသကြီး ချောက်မြို့ ရတနာအိုက်ရပ်ကွက်မှ အမျိုးသားဖြစ်ကြောင်း သိရပြီး  မော်လိုက်မြို့မရဲစခန်းတွင် မုဒိန်းကျင့်ရန်ကြံစည်မှု ပုဒ်မ ၃၇၆/၅၁၁ဖြင့် အမှုဖွင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment