Latest News

Sunday, May 20, 2018

ဖျာပုံ ဒေါ်ငြိမ်းကျောင်း၌ ကျောင်းအုပ်ဆရာဦးကြည်သင်းသည် ရာထူးမှထုတ်ပယ်ခံလိုက်ရသော်ကြောင့် အမူ့မှန်ပေါ်ပေါက်ရေးအတွက် ပြန်စစ်ဆေးပေးစေလိုကြောင်းပြောကြား

ဖျာပုံ ဒေါ်ငြိမ်းကျောင်း၌ ကျောင်းအုပ်ဆရာဦးကြည်သင်းသည် ရာထူးမှထုတ်ပယ်ခံလိုက်ရသော်ကြောင့် အမူ့မှန်ပေါ်ပေါက်ရေးအတွက် ပြန်စစ်ဆေးပေးစေလိုကြောင်းပြောကြား

ပုသိမ် မေ ၁၉

ဖျာပုံမြို့နယ် ဒေါ်ငြိမ်းအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာဦးကြည်သင်းသည်ရာထူးမှအရေးယူထုတ်ပယ်ခြင်းခံရသဖြင့် အမူ့ဖြစ်စဉ်အစအဆုံးကို တရားမျှတမူ့ရှိစေရန် ပညာရေးဝန်ကြီးဌာန အားပြန်လည်စစ်ဆေးပေးစေလိုကြောင်း လက်ရှိတွင် မတရား အရေးယူခံလိုက်ရသဖြင့် နစ်နာလျက်ရှိကြောင်း ပုသိမ်မြို့ အမှတ်(၈)ရပ်ကွက်ဇေယျဝတီ(၁)လမ်းရှိ ပညာပရမီအခမဲ့ပညာဒါနကျောင်းတွင် သူ၏ဖြစ်စဉ်နှင့်ပက်သက်သောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်

၎င်းကို  ဒေါ်ငြိမ်းအထက်တန်းကျောင်းရှိ ကျောင်းသားမိဘနှစ်ဦးမှ အသိသက်သေလေးယောက်ဖြင့်၂၀၁၇ခုနှစ် ၉လပိုင်း၁၄ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကို  ကျောင်းသားများထံမှ ကျောင်းအုတ်တံတိုင်း ဆောက်လုပ်ရန်အလှူခံခြင်း ကွန်ကရစ်လမ်းခင်းရန်အလှူခံခြင်း ဝါဆိုသကင်္နးကပ်လှူရန်အလူခံခြင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများအား တစ်စောင်လျှင်၂၀၀၀ကျပ်ဖြင့် ရောင်းချခြင်း စသည့် ပြစ်မူ့၎ခုဖြင့်တိုင်ကြားခဲ့တာပါ

အဆိုပါတိုင်ကြားမူ့များကြောင့် ပညာရေးဝန်ကြီးဌာနှင့် ဧရာဝတီတိုင်းအစိုးရဌာနအဖွဲ့ သည် ၂၀၁၇ ၁၀လပိုင်းတွင် ဦးကြည်သင်းအားခေါ်ယူစစ်ဆေးခဲ့သည်

ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ  လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးသည် ဦးကြည်သင်းအား တိုင်းအဆင့်စုံခုံဖွဲ့စစ်ဆေးရာတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ကျေးရွာသားများနှင့် ကျောင်းသားမိဘများကိုသာ ခေါ်ယူ၍ ရှင်းပြရန်သာ၂၀၁၈ခုနှစိ ၃လပိုင်း ၂၃ ရက်တွင် ညွန်ကြားချက် ထုတ်ပြန်ခဲ့သည်


သို့ပေမဲ့ ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနက ၂၀၁၈ ခုနှစ်  ၃လပိုင်း၂၂ရက်နေ့တွင်ကျင်းပသော ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ ၏သဘောတူဆုံးဖြတ်အရ ကျောင်းသားမိဘနှစ်ဦး၏တိုင်ကြားချက်အပေါ် ဦးကြည်သင်းအား နိုင်ငံဝန်ထမ်းဥပဒေ အခန်း၁၅ နည်းဥပဒေ ၁၆၂ နည်းဥပဒေခွဲ(ဃ)အရ ဥပဒေနှင့်အညီ  လိုက်နာမူ့ပျက်ကွပ် သည့်အတွက် ဟုဆိုကာ ရာထူးမှ ထုတ်ပယ်ခဲ့သည်

အုတ်တံတိုင်းဆောက်လုပ်ခြင်းများ ကွန်ကရစ်လမ်းခင်းခြင်းများ အတွက် ကောက်ခံရာတွင် မိမိအကျိုးအတွက် အသုံးပြုခြင်းမဟုတ်ပဲ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းတို့ ဦးဆောင်မှုဖြင့် မိမိအပါအဝင် ဆရာ/ဆရာမများ အလှူရှင်များ ကျောင်းသား/ကျောင်းသူ တချို့ ပါဝင်လှူဒါန်းခြင်းသာ ဖြစ်ကြောင်း  ဝါဆိုသင်္ဃန်းကပ်လှူခြင်းမှာ ဆရာများနှင့်ကျောင်းသား/သူများ၏ စုပေါင်းကပ်လှူခြင်းသာဖြစ်ကြောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများအား တစ်ဦးလျှင်၉၀၀ကျပ်သာ ကောက်ခံရန် ဌာနမှညွန်ကြားချက်အတိုင်း မိမိမှာကြားခဲ့ပြီး သင်တန်းတက်ရောက်နေစဉ် ၂၀၀၀ကျပ်ကောက်ခံခြင်းမှာ ကျောင်းရှိဆရာများနှင့် ကျောင်းအကျိုးတော်ဆောင်များ ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပြီးမိမိအနေနှင့် သိရှိခြင်းမရှိကြောင်း ဦးကြည်သင်းမှ ယနေ့သတင်းစာရှင်းလင်းပွဲတွင် မီဒီယာမျာအား ရှင်းလင်းခဲ့သည်

"ကျွန်တော်အနေနဲ့ ကောတ်ခံရရှိတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်သုံးစွဲခဲ့ခြင်းမရှိပါဘူး ငွေစာရင်းရှင်းတမ်းတွေအကုန်ကိုကျောင်းမှာပွင့်လင်းမြင်သာစွာ အမြဲရှင်းပြတက်ပါတယ် ရှင်းတမ်းလည်းအမြဲစာရွက်ကပ်ထားပါတယ်ခုတိုင်ကြားခဲ့မူ့ကိုတိုင်းအစိုးရအဖွဲ့ကအပြစ်မရှိဘူးလို့ဆုံးဖြတ်ပြီးအပြစ်ပေးအရေးမယူခဲ့ပါဘူး ဒါကြောင့် ခုလွဲမှားစွာအရေးယူခဲ့တဲ့ ပညာရေးဝန်ကြီးဌာနကို အမူ့မှန်ပေါ်ပေါက်ရေးအတွက်ပြန်စစ်ဆေးပေးစေလိုတယ်"ဟု ဦးကြည်သင်းမှ တိုင်းဧရာကိုပြောသည်

အဆိုပါအမှုကိုပြန်စစ်ဆေးရင်လည်း ပညာရေးဌာန မဟုတ်သောအခြားသော ဥပဒေအဖွဲ့အစည်းတွေလည်း စစ်ဆေးပေးစေချင်ကြောင်း ၎င်း အပြစ်ရှိတယ်ပေါ်လွင်ရင်  တခြားဥပဒေတွေနဲ့ပါ အရေးယူလို့ရကြောင်း အပြစ်မရှိရင် ပေါ်လွင်ခဲ့ရင်လည်း လိမ်လည်တိုင်ကြားတဲ့ တစ်ဖက်ကိုလည်းအရေးယူသင့်ကြောင်း စစ်ဆေးချက်ကမှန်မှန်ကန်ကန်ထွက်လာရင် ယခင် သူ၏ရာထူးဖြစ်သည့် ကျောင်းအုပ်ရာထူးကို ပြန်လည်ခန့်ဖို့ တောင်းဆိုပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်

 "နိုင်ငံဝန်ထမ်းဥပဒေ အခန်း (၁၁) ပုဒ်မ၅၄အရ ဝန်ထမ်များအား ပြစ်ဒဏ်ချမှတ်သည့်အခါ (က)ပညာပေးပြုပြင်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းမှုထိရောက်ရေးကို ဦးတည်ချက်ထားရမည်(ခ)ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျှောညီထွေမှုရှိရမည်ဆိုတဲ့ အချက်တွေကို ကျော်လွန်ပြီး ရာထူးမှထုတ်ပယ်လိုက်ခြင်းဟာ နိုင်ငံဝန်ထမ်းဥပဒေနှင့်ကိုက်ညီမူ့မရှိဘူးဆိုတာတွေ့ရပါတယ် သမဂ္ဂအနေနဲ့ပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုပါတယ်" ဟု အခြေခံပညာလုပ်သားများသမဂ္ဂ မှ ကန်ကြီးထောင့်တာဝန်ခံ ကိုဖြိုး​ဝေ​အောင်​က တိုင်းဧရာကိုပြောသည်

အဆိုပါ အမူ့ဖြစ်စဉ်များကို ဦးကြည်သင်းအား ပြန်လည်စစ်ဆေးပေးမူ့မရှိဘဲ နစ်နာသူကိုလျစ်လျူရှူထားမည်ဆိုပါကအခြေခံပညာလုပ်သားမျာသမဂ္ဂ အနေနှင့် အမူ့ပြန်လည်စစ်ဆေးပေးရေးဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်းသတင်းရ ရှိသည်


သတင်းထောက်= ရွှေရည်ဝင်း(တိုင်းဧရာ)
ဓာတ်ပုံ =ရွှေရည်ဝင်း(တိုင်းဧရာ)

No comments:

Post a Comment