Latest News

Wednesday, May 16, 2018

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာသစ်စက်လုပ်သားအများစု မကြာမီအလုပ်လက်မဲ့ ဖြစ်ပေါ်နိုင်

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာသစ်စက်လုပ်သားအများစု မကြာမီအလုပ်လက်မဲ့ ဖြစ်ပေါ်နိုင်

စူရတ်ဌာနီ  မေ  ၁၅

ထိုင်းနိုင်ငံတောင်ပိုင်းရှိ   သစ်စက်များမှ ထွက်ရှိသည့်  သစ်သားများကို  အဓိက ဝယ်ယူနေသည့်  တရုတ်နိုင်ငံမှ  သစ် ကုမ္ပဏီ ဒေဝါလီခံလိုက်ရသည့် ဖြစ်စဉ် များကြောင့် ထိုင်းသစ်လုပ်ငန်းအများစု မှာ  လုပ်ငန်းလည်ပတ်မှု  ရပ်စဲလုနီးပါး အခြေအနေသို့ ရောက်လာပြီဖြစ်ကြောင်း ထိုင်းသစ်ထုတ်လုပ်ရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။ ထိုင်းတောင်ပိုင်းဒေသရှိ အချို့သော သစ်ထုတ်လုပ်ရေးလုပ်ငန်း များမှာ  လုပ်ငန်းလည်ပတ်မှု  ရပ်စဲသွား ပြီဖြစ်သလို အချို့လုပ်ငန်းများမှာ ယခု အခြေအနေကို ဆက်လက်တောင့်ခံထား နေကြသော်လည်း   လအနည်းငယ်မျှသာ တောင့်ခံနိုင်မည့်အခြေအနေ  ရှိနေပြီး သစ်စက်လုပ်ငန်းများ   ရပ်စဲသွားပါက အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်နေ သော မြန်မာအလုပ်သမားများ အနေ ဖြင့်လည်း  အလုပ်မရှိတော့မည့်အခြေ အနေကို   ကြုံတွေ့နေရကြောင်း  သိရ သည်။

''ဆူရတ်က သစ်စက်တော်တော်များ များ ပိတ်သွားကြပြီး ကျွန်တော်လုပ်နေ တဲ့ သစ်စက်လည်း ဘယ်နေ့ပိတ်မလဲဆို တာ ရင်တထိတ်ထိတ်နဲ့ လုပ်နေရတယ်၊ ကျွန်တော်တို့ကိုပို့ပေးတဲ့   အေဂျင်စီနဲ့ လည်း ဆက်သွယ်ထားတယ်၊ တကယ်လို့ လုံးဝ   အခြေအနေမကောင်းတော့ရင် တော့ အခြားအလုပ်ကို ပြောင်းရွှေ့ပေး မယ်လို့တော့ ပြောတယ်''ဟု မြန်မာနိုင်ငံ သား     သစ်စက်အလုပ်သမားတစ်ဦး ဖြစ်သူ ကိုဝေအောင်က ပြောသည်။

ယခုဖြစ်စဉ်   အခြေအနေများနှင့်ပတ် သက်ပြီး  ထိုင်းနိုင်ငံတောင်ပိုင်းရှိ  သစ် စက်များတွင် ဝင်ရောက်အလုပ်လုပ်ကိုင် နေသည့် မြန်မာအလုပ်သမားများသည် စိုးရိမ်ပူပန်မှုများ   မြင့်တက်လျက်ရှိပြီး အလုပ်သမားသံအရာရှိထံသို့ ဆက်သွယ် အကူအညီ  တောင်းခံလာမှုများလည်း ရှိနေကြောင်း သိရသည်။

''ထိုင်းတောင်ပိုင်းမှာဖြစ်နေတဲ့ ကိစ္စ ရပ်တွေနဲ့  ပတ်သက်ပြီး  ကျွန်တော်တို့ အလုပ်သမားတွေ     နစ်နာမှုမရှိစေရန် ဥပဒေအတိုင်း အကျိုးခံစားခွင့်တွေရရှိဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တာဝန် ရှိသူများ  တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်၊ အကယ်၍များ အခုဖြစ်ပေါ်နေတဲ့အခြေ နေတွေနဲ့ ပတ်သက်လို့အကူအညီလိုအပ် တဲ့   အလုပ်သမားတွေ    အနေနဲ့လည်း အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ် အကူအညီ   တောင်းခံနိုင်ပါတယ်''ဟု အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောသည်။

ထိုင်းတောင်ပိုင်းရှိ  သစ်လုပ်ငန်းများ အနေဖြင့်  ဈေးကွက်အသစ်  ထပ်မံမရှာ ဖွေနိုင်ပါက  သစ်လုပ်ငန်းအများအပြား မှာ  ပိတ်သိမ်းရမည့်   အခြေအနေသို့ ရောက်လာနိုင်ပြီး  အဆိုပါလုပ်ငန်းများ တွင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား     အများအပြားလည်း အလုပ်လက်မဲ့     အခြေအနေများသို့  ရောက်ရှိသွားနိုင်သည်။

မြန်မာအလုပ်သမားများ  အနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနစ်နာမှုများနှင့် အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရမှုများရှိပါက အလုပ် သမား  သံအရာရှိများဖြစ်သည့်   ဦးစန်း မောင်ဦး- ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင်- ဝ၆၅၂၂ဝ၆၉၅၂၊     ဦးဇော်မင်းအောင် (ရနောင်း)-ဝ၆၅၂၂ဝ၆၉၅၁၊  ဦးဦးခင် မောင်(ချင်းမိုင်)-ဝ၉၉ဝ၅၉၂၃၅၂၊ ဦးအောင်မင်း(မဲဆောက်)-  ဝ၆၅၂၂ဝ- ၆၉၅၃ တို့ထံသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်သလို ဖုန်းဆက်သွယ်မှုအပြင် အလုပ်သမားသံအရာရှိရုံး၏   Face- book  Page ဖြစ်သည့် LA-Thailand မှ တစ်ဆင့်လည်းကောင်း၊   Line   နှင့် Viber  တို့မှ ဆက်သွယ်၍လည်းကောင်း အကူအညီတောင်းခံနိုင်ကြောင်း ထိုင်း နိုင်ငံဆိုင်ရာ  မြန်မာသံရုံးမှ  ထုတ်ပြန် ထားချက်အရ သိရသည်။            

မြန်​မာ့အလင်း

No comments:

Post a Comment