Latest News

Wednesday, May 16, 2018

လှိုင်ဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံဘက်မှတရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ(၅)ဦးဖမ်းဆီးရမိ

လှိုင်ဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံဘက်မှတရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ(၅)ဦးဖမ်းဆီးရမိ

ကော့ကရိတ်   မေ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ လှိုင်ဝစစ်ဆေးရေးဂိတ်တွင် တာဝန်ကျ လဝကဦးစီးအရာရှိဦးဝင်းထိန် ဦးစီးအဖွဲ့မှ မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီး အတွင်းသွားလာနေသည့် မော်တော်ယာဉ်များအား ခိုးဝင်ဘင်္ဂါလီများ ပါရှိမှုမရှိစေရေးစစ်ဆေးနေစဉ် ယနေ့ နံနက် ၃နာရီအချိန်တွင် မြဝတီမှ ကော့ကရိတ် ဘက်သို့ ဆင်းလာသည့်ယာဉ်အား စစ်ဆေးစဉ် အထောက်အထားလက်မှတ်များ ကိုင်ဆောင်ထားခြင်း မရှိသည့် ဘင်္ဂါလီလူမျိုး(၅)ဦးအားစစ်ဆေးတွေ့ရှိရသည်။
 ဖြစ်စဉ်မှာမေလ ၁၅ရက်နေ့ ည ၈း၄၀အချိန် လှိုင်ဝပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် တာဝန်ရှိသူများမှ ခိုးဝင်ဘင်္ဂါလီများအား စစ်ဆေးနေစဉ် မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ယာဉ်မောင်း သန်းထိုက်စိုးမောင်းနှင်လာသည့် ယာဉ်အမှတ် 5C/----- ဟိုက်အေ့စ် (ဖြူ)ယာဉ်အားရပ်တန့်စစ်ဆေးရာယာဉ်ပေါ်တွင် အထောက်အထား လက်မှတ်များကိုင်ဆောင်ထားခြင်းမရှိသည့် ဘင်္ဂါလီ(ကျား ၃)ဦး၊ မ(၁)ဦး၊ ကလေး(၁)ဦးတို့အားစစ်ဆေးတွေ့ရှိရသည်။ အဆိုပါဘင်္ဂါလီများမှာလှချေ၊ ၄၁နှစ်(ဘ)ဦးကော်ဘီ၊ ဘင်္ဂါလီ/အစ္စလာမ်၊ ကျဘမ်း၊ ဇီဇာမွတ်စလင် ကျေးရွာ၊ မြောက်ဦးမြို့နယ်၊ အဒူလာဟာမန်၊ ၄၄နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်၊ ကျဘမ်း၊ ဘုမေကျေးရွာ၊ စစ်တွေမြို့နယ်၊ မငုရ်ဂိုရ်ဒူဘေဂေါင်၊ ၃၀နှစ်၊ (ဘ)ဦးရိုးစတွန်းအာလီ၊ ဘင်္ဂါလီ/အစ္စလာမ်၊ ကျဘမ်း၊ ပိုက်စိတ်ကျေးရွာ၊ မင်းပြားမြို့နယ်၊ မောင်နေမိုး၊ ၁နှစ် ၆လ၊ဘင်္ဂါလီ/အစ္စလာမ်၊ ပိုက်စိတ်ကျေးရွာ၊ မင်းပြားမြို့နယ်၊ ခင်မောင်ဝင်း(ခ)အဒူမာလစ်၊ ၂၈နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်၊ ကျဘမ်း၊ ဘဂုံးနားအလယ်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်တို့ဖြစ်ပြီး ၄င်းတို့အား စစ်ဆေးမေးမြန်းခဲ့ရာ ၄င်းတို့သည် စစ်တွေမြို့မှ သုံးဘီးဆိုင်ကယ်တက္ကစီဖြင့် စစ်ဆေးရေးဂိတ်များအားရှောင်ကွင်းကာမင်းဘူးမြို့သို့ရောက်ရှိပြီးမင်းဘူး-ရန်ကုန်-မော်လမြိုင်မြို့များမှတဆင့် မြဝတီမြို့သို့ ရောက်ရှိပြီး မြဝတီမှ ထိုင်းနိုင်ငံမဟာချိုင်တွင် (၄)နှစ်ခန့်နေထိုင်ကာဈေးရောင်းလုပ်ကိုင်ရင်း ၂၀၁၈ခုနှစ် မေလ ၁၅ရက်နေ့တွင် မဲဆောက်မြို့သို့ရောက်ရှိပြီး မဲဆောက်မြို့မှ မြဝတီသို့ပြန်လာကာ မြဝတီမှ ရန်ကုန်သို့ ပြန်လာစဉ် ကော့ကရိတ်မြို့ လှိုင်ဝစစ်ဆေးရေးဂိတ်တွင် အထောက်အထား လက်မှတ်များကိုင်ဆောင်ထား ခြင်းမရှိ၍ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။
 သို့ဖြစ်ပါ၍ တစ်ဖက်နိုင်ငံမှ တရားမဝင်ခိုးဝင်ဘင်္ဂါလီများဖြစ်သည့် လှချေ၊ အဒူလာဟာမန်၊ မငုရ်ဂိုရ်ဒူဘေဂေါင်၊ခင်မောင်ဝင်း(ခ) အဒူမာလစ်တို့(၄)ဦးအား ဥပဒေအရအရေးယူပေးပါရန် မြို့နယ်လဝက ဦးစီးမှူး ဦးကျော်ဝင်းမှ ၂၀၁၈ခုနှစ်၊ မေ ၁၆ရက် နံနက် ၃း၄၅အချိန် တရားလိုပြုတိုင်တန်းခဲ့သဖြင့် ကော့ကရိတ်မြို့မ ရဲစခန်း (ပ)၂၁၁/၂၀၁၈၊ ၁၉၄၇ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၃(၂)/၁၃(၁)ဖြင့် အမှုဖွင့်လှစ်ကာဒုရဲအုပ် ဆွေယဉ်သိန်းမှ စစ်ဆေးကာတရားခံများအားဖမ်းဆီးတရားစွဲဆိုနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။

စိုးထက်အောင်(ကော့ကရိတ်)

No comments:

Post a Comment