Latest News

Tuesday, May 22, 2018

မြစိမ်းရောင်ကျေးရွာ ချေးငွေပေးရန်ထုတ်ယူရာသည့်ငွေကျပ်(၃၇၅)သိန်းကို ယူဆောင်ထွက်ပြေးမှုဖြစ်ပွား

မြစိမ်းရောင်ကျေးရွာ ချေးငွေပေးရန်ထုတ်ယူရာသည့်ငွေကျပ်(၃၇၅)သိန်းကို ယူဆောင်ထွက်ပြေးမှုဖြစ်ပွား

ရေတာရှည်   မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြစိမ်း ရောင် စီမံကိန်းဝင်ကျေးရွာဖြစ်သော ပိတောက်ခင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာအသင်းဝင်(၁၁၇)ဦးအတွက် တတိယအကြိမ်အဖြစ် ချေးငွေများထုတ်ချေး နိုင်ရန် ကျေးရွာဘဏ္ဍာရေးဆပ်ကော်မတီ(ဥက္ကဌ)ဦးမင်းဇော်ဦး၊ ရံပုံငွေကြီးကြပ်မှုကော်မတီ(ဥက္ကဌ) ဦးကျော်နိုင်၊ အဖွဲ့ဝင် ဦးမင်းမင်း နှင့် မြို့နယ်ကျေးလက်ဦးစီးရုံးမှ ဝန်ထမ်းနှစ်ဦးတို့သည် မေ ၂၁ ရက်နေ့ ၁၂ နာရီ ၄၅ မိနစ်အချိန် ရေတာရှည်မြို့အမှတ်(၃)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်(၃၇၅)သိန်း ကိုထုတ်ယူခဲ့သည်။ထို့သို့ထုတ်ယူပြီးသည့်ငွေများအား ဦးမင်းဇော်ဦး က ငွေထည့်ရန်ယူဆောင်လာသော အနက်ရောင်အိတ်ဖြင့်ထည့်ကာ ဆိုင်ကယ်ရှေ့၌ ခွလျက်တင်၍ ဦးကျော်နိုင် ကိုနောက်မှလိုက်ပါစီးနင်းစေ ပြီး ရွာသစ်ကျေးရွာသို့ ပြန်ရန်ထွက်လာစဉ် ကျေးလက်ဦးစီးဌာန ဝန်ထမ်းနှစ်ဦးမှာ ၄င်းတို့ဆိုင်ကယ်ဖြင့် နောက်မှလိုက်ပါလာခဲ့ကြောင်း၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း အနောက်ဘက်ကပ်လျက်ရှိ ရွှေမြန်မာထမင်းဆိုင်ရှေ့အရောက်တွင်ဦးကျော်နိုင် က ဟင်းဝယ်ရန်ဆိုင်ထဲ သို့ဝင်ရောက်သွားစဉ် ငွေများယူဆောင်ထားသည့် မင်းဇော်ဦး(၃၇)နှစ်၊ရွာသစ်ကျေးရွာနေသူ မှ ဆိုင်ကယ် လေထိုးလိုက်ဦးမည်ဟုဆိုကာ ကားလမ်းအတိုင်း တောင်ဘက်သို့မောင်းထွက်သွားခဲ့ခြင်းဖြစ်ပြီး မည်ကဲ့ သို့မျှဆက်သွယ်၍မရပဲထွက်ပြေး တိမ်းရှောင်သွားကြောင်းသိရှိရ၍ မြို့နယ်ကျေးလက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ညွှန့် ကတရားလိုပြုလုပ်ကာအမှုဖွင့်တိုင်တန်းခဲ့သည့်အတွက် ရေတာရှည်မြို့မရဲစခန်း က အမှုဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ကိုလွင်(ဆွာ)မြန်​မာ့အလင်း

No comments:

Post a Comment