Latest News

Tuesday, May 22, 2018

မိဘ နှစ်ပါးအား သားဖြစ်သူမှ ပေါက်တူးဖြင့် ခုတ်

မိဘ နှစ်ပါးအား  သားဖြစ်သူမှ  ပေါက်တူးဖြင့်  ခုတ်

ရန်ကုန် မေ  ၂၂

        ရန်ကုန်တောင်ပိုင်းခရိုင်  ကျောက်တန်းမြို့နယ်  ကမာကလုပ်နယ်မြေရဲစခန်းအပိုင်  မင်္ဂလွန်းကျေးရွာ၌  သားဖြစ်သူ  စိုးသူ(၂၅)နှစ်မှ၎င်း၏ဖခင်ဖြစ်သူ  ဦးတင်ဝင်း  (၅၈ နှစ်) နှင့်  မိခင်ဖြစ်သူ ဒေါ်သန်းမြင့် ( ၅၆ နှစ်) တို့အား  အရက်ကြောင်ကြောင်ပြီး  ပေါက်တူးဖြင့်ခုတ်သဖြင့်  ဖခင်ဖြစ်သူ ဦးတင်ဝင်းတွင် ဘယ်ဘက်မျက်လုံးပြက်ရှဒဏ်ရာနှင့်  မိခင်ဖြစ်သူ ဒေါ်သန်းမြင့်တွင် ဘယ်ဘက်နားထင်ပြက်ရှဒဏ်ရာများ ရရှိ၍ တံတားမြို့နယ် ပြည်သူ့ဆေးရုံမှ(စိုးရိမ်ရ)ဖြင့်  ရန်ကုန်ပြည်သူ့ဆေးရုံသို့ လွဲပြောင်းကုသလျှက်ရှိပြီး  မိဘနှစ်ပါးအား ပေါက်တူးဖြင့် ခုတ်ခဲ့သူ  စိုးသူအား  ကမာကလုပ်နယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း  သတင်းရှိသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)

No comments:

Post a Comment