Latest News

Tuesday, May 8, 2018

အင်္ဂပူမြို့၌ နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

အင်္ဂပူမြို့၌ နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

အင်္ဂပူ မေ ၇

ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှ ပြည်သူများကိုယ်စား တာဝန်ရှိသူများထံ ပေးအပ်သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၇ ရွာနှင့် အခြေခံပညာ ကျောင်းငါးကျောင်းအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား ၃ဝဝဝ၊ အင်္ဂပူမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုတစ်စုနှင့် အခြေခံပညာ ကျောင်းလေးကျောင်းအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား ၉၃၉ ကတ်နှင့် ကြံခင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁ဝ စုအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၂၂၇ ကတ် စုစုပေါင်း ၄၁၆၆ ကတ်ကို ပြည်သူများထံ ပေးအပ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment