Latest News

Wednesday, May 16, 2018

မိုးကောင်းမြို့နယ်အတွင်းရှိ မီးရထားသံလမ်းတံတားနှစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ

မိုးကောင်းမြို့နယ်အတွင်းရှိ မီးရထားသံလမ်းတံတားနှစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ


မိုးကောင်း မေ ၁၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်၏ တောင်ဘက်နှင့်မြောက်ဘက်ရှိ မြို့နယ်အဝင်အထွက် မီးရထားသံလမ်းတံတားနှစ်စင်းအား မေ၁၅ရက် ည၁၁နာရီ၂၀မိနစ်က KIA လက်နက်ကိုင်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် APT ရှေ့ပြေးရထားစက်ခေါင်းအပါအဝင်တွဲသုံးတွဲ သံလမ်းပေါ်မှတွဲချော်ကျကာ သံလမ်းများတွန့်ကောက်ပျက်စီးခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ မရမ်းဘူတာဘက်မှ နမ္မတီးဘူတာဘက်သို့ စက်ခေါင်းမောင်း ဦးသန့်ဇင်ဝင်းနှင့် ရထားထိန်း ဦးမင်းသိန်းစိုးတို့ မောင်းနှင်လာသည့် မြစ်ကြီးနား-ဟိုပင် APT မိုင်းရှင်းရထားသည် မိုးကောင်းမြို့နယ် နမ္မတီးဘူတာနှင့် မရမ်းဘူတာကြား မီးရထားမိုင်တိုင်အမှတ်(၆၉၅/၂၄ နှင့် ၆၉၆/၁)ကြားရှိ မီးရထားတံတားအမှတ်(၆၈၁)ဒေသအခေါ် (တံတားညီနောင်)အပေါ် ဖြတ်သန်းမောင်းနှင်စဉ် KIA လက်နက်ကိုင် အဖွဲ့မှ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲအမှတ်(WBX-9197)၊(GBHAV-13702)နှင့် ရထားစက်ခေါင်းအမှတ်(DD-952)၏ ဘီးများသံလမ်းမှအတွင်းဘက်သို့ချော်ကျကာ တွဲအမှတ် (GBHAV-13702)၏ဘီးနှစ်ဘီး တံတားအောက်သို့ ပြုတ်ကျခဲ့ပြီး ရထားသံလမ်းများပြတ်တောက်၍ ဇလီဖားတုံးများ ပျက်စီးခဲ့ရကြောင်း ။

 အလားတူ တချိန်တည်းမှာပင် မိုးကောင်းဘူတာနှင့် ထိုပူးဘူတာကြား မီးရထားမိုင်တိုင်အမှတ်(၆၈၂/၁ နှင့် ၂)ကြားတံတားအမှတ်(၆၆၂)တွင် KIAလက်နက်ကိုင်အဖွဲ့ထောင်ထားသည့် မိုင်း ပေါက်ကွဲခဲ့သဖြင့်မီးရထားသံလမ်းများ တွန့်ကောက်ပျက်စီးခဲ့ရကြောင်း ။

 အခင်းဖြစ်ပွားရာနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင် ဦးဆောင်၍နယ်ထိန်းတပ်ဖွဲ့  ဝင်များ၊မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ရထားပို့ဆောင်ရေးမှတာဝန်ရှိသူများ သွားရောက်၍ မီးရထားလမ်းပိုင်းများ အမြန်ဆုံးပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်​မာ့အလင်း

No comments:

Post a Comment