Latest News

Wednesday, May 23, 2018

စစ်ကိုင်းတိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး အသစ် လွှတ်တော်တွင် ကတိစ္စာပြု လက်မှတ်ထိုး

စစ်ကိုင်းတိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး အသစ် လွှတ်တော်တွင် ကတိစ္စာပြု လက်မှတ်ထိုး

   စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးအသစ်အဖြစ် တာဝန်ထမ်းဆောင်မည့် ဗိုလ်မှူးကြီး သန်းထွန်းအောင်မှာ မေလ ၂၁ ရက်က ကျင်းပသော  တိုင်းဒေသကြီးလွှတ်တော် ၁၄ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကတိသစ္စာပြု၍ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
 
     ဗိုလ်မှူးကြီးသန်းထွန်းအောင်အား နယ်လုံဝန်ကြီးအဖြစ် တိုင်းအစိုးရအဖွဲ့တွင် ခန့်အပ်နိုင်ရေးအတွက် ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှ အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်၏ အဆုးံအဖြတ်ကို ရယူရာ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။

    " နောက်တက်လာမယ့် နယ်လုံဝန်ကြီးက ပြည်သူအတွက်အမှန်တကယ်အကျိုးပြုပြီးတော့ ပြည်သူ့ရဲ့အသံကို နားထောင်လိမ့်မယ်လို့မျှော်လင့်တယ် ၊အရင် နယ်လုံ ၀န်ကြီးကတော့ ကျွန်မတို့ပြည်သူမပြောနဲ့လွှတ်တော်ကိုယ်စားလှယ်ကိုတောင် အလေးမထားဘူး၊သူနဲ့ပြောလိုက်လို့ရှိရင်အဆင်မပြေဘူး"ဟု ယင်းမာပင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောသည်။
   
    နယ်လုံဝန်ကြီးအသစ် အပေါ် မှတ်ချက်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးဒေါက်တာမြင့်နိုင်အား မီဒီယာများက လွှတ်တော်တွင် ၀ိုင်းဝန်းမေးမြန်းစဉ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

       စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀င် ဖြစ်လာမည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်သည် အသက် ၄၆ ရှိပြီး စစ်မှုထမ်းသက် ၂၄ နှစ်အတွင်း လက်ရှီအဆင့်ထိ ပဲခူး၊ကရင်၊ရခိုင်၊ရှမ်းအရှေ့၊ရှမ်းမြောက်၊တနလာင်္ရီတိုင်းတို့တွင် တပ်စုမှူး၊တပ်ခွဲမှူး၊တပ်ရင်းမှူး၊နည်းဗျူဟာမှူး၊စစ်ဗျူဟာမှူး ရာထူးတာဝန်များ ဖြင့် စစ်ဆင်ရေးနယ်မြေစိုးမိုးရေးများ တွင် စစ်ဦးစီးမှူး၊တတိယတန်း၊စစ်ဆင်ရေးစစ်ဦးစီးအရာရှိ ဒုတိယ စစ်ဆင်ရေး၊စစ်ဗျူဟာ မှူးအဖွဲ့အခြေချ (ခန္တီး)တို့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၄င်းသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးသင်တန်းတက်ရောက်ခဲ့သူလည်းဖြစ်ကြောင်းလွှတ်တော်သို့တင်သွင်းသောကိုယ်ရေး ရာဇ၀င် အရ သိရသည်။
   
   လွှတ်တော်တွင် အတည်ပြုပြီးနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဟောင်း ဗိုလ်မှူးကြီးကျော်သန့်နိုင်မှ  ၀န်ကြီးရုးံခန်းတွင် တာဝန်လွှဲပြောင်းမှုပြုလုပ်ခဲ့ပြီးတိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် နယ်လုံဝန်ကြီးအသစ် တို့တွေ့ဆုံခဲ့ကြသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment