Latest News

Wednesday, May 23, 2018

အလွျပင္လုပ္ငန္းအားဗန္းျပ၍ ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္သည့္ေနရာအား ဝင္ေရာက္ဖမ္းဆီး




ေနျပည္ေတာ္၊ ေမ ၂၃
၂၀၁၈ ခုႏွစ္၊ ေမလ ၂၂ ရက္ေန႔ နံနက္ ၄ နာရီအခ်ိန္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ တပ္ဖြဲ႕ဝင္မ်ား၊ ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သတင္း အရ သက္ေသမ်ားႏွင့္အတူ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၈)ရပ္ကြက္ရွိ ပိုင္ရွင္(စိစစ္ဆဲ) Oriental Spa အမည္ျဖင့္ အလွျပင္ဆိုင္လုပ္ငန္း(လိုင္စင္မရွိ)အား ဗန္းျပ၍ ေရခ်ိဳးခန္း၊ ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနသည့္ေနရာသို႔ ဝင္ေရာက္စစ္ေဆးခဲ့ရာ ျပည့္တန္ဆာအမ်ိဳးသမီး တ႐ုတ္နိုင္ငံသူ(၁၇)ဦး၊ ဆိုင္မန္ေနဂ်ာ တ႐ုတ္နိုင္ငံ၊ ဟူပိန္ျပည္နယ္ေန တ႐ုတ္နိုင္ငံသား Peng An Ting(၃၉)ႏွစ္ (ပတ္စ္ပို႔/ ဗီဇာ-မရွိ)ပါ တ႐ုတ္နိုင္ငံသား(၂)ဦးႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္ေန ဆိုင္ဝန္ထမ္း မမိုးမိုး(ခ)အားဖ်င္(၂၄)ႏွစ္ ပါ(၈) ဦး(က်ား ၃၊ မ ၅)တို႔အား ဖမ္းဆီးရမိခဲ့သျဖင့္ Li Ting ပါ တ႐ုတ္နိုင္ငံသူ ၁၇ ဦးအား ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္း(ပ)၆၀၉/၂၀၁၈၊ ျပည့္တန္ဆာႏွိပ္ကြပ္ေရးအက္ဥပေဒပုဒ္မ ၃(က)/(ခ) ျဖင့္လည္းေကာင္း၊ ဆိုင္ရွင္(စုံစမ္းဆဲ)၊ Peng An Ting ပါ တ႐ုတ္နိုင္ငံသား(၂)ဦးႏွင့္ မမိုးမိုး(ခ)အားဖ်င္ ပါ(၈)ဦးတို႔အား ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္း(ပ)၆၁၀/၂၀၁၈၊ ျပည့္တန္ဆာႏွိပ္ကြပ္ေရး အက္ဥပေဒ ပုဒ္မ ၅(၁)ျဖင့္လည္းေကာင္း အေရးယူထားေၾကာင္း သတင္းရရွိသည္။
ရဲဇာနည္​

အလှပြင်လုပ်ငန်းအားဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့်နေရာအား ဝင်ရောက်ဖမ်းဆီး
နေပြည်တော်၊ မေ ၂၃
၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက် ၄ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်ရှိ ပိုင်ရှင်(စိစစ်ဆဲ) Oriental Spa အမည်ဖြင့် အလှပြင်ဆိုင်လုပ်ငန်း(လိုင်စင်မရှိ)အား ဗန်းပြ၍ ရေချိုးခန်း၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့်နေရာသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ပြည့်တန်ဆာအမျိုးသမီး တရုတ်နိုင်ငံသူ(၁၇)ဦး၊ ဆိုင်မန်နေဂျာ တရုတ်နိုင်ငံ၊ ဟူပိန်ပြည်နယ်နေ တရုတ်နိုင်ငံသား Peng An Ting(၃၉)နှစ် (ပတ်စ်ပို့/ ဗီဇာ-မရှိ)ပါ တရုတ်နိုင်ငံသား(၂)ဦးနှင့် ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း မမိုးမိုး(ခ)အားဖျင်(၂၄)နှစ် ပါ(၈) ဦး(ကျား ၃၊ မ ၅)တို့အား ဖမ်းဆီးရမိခဲ့သဖြင့် Li Ting ပါ တရုတ်နိုင်ငံသူ ၁၇ ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၀၉/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၃(က)/(ခ) ဖြင့်လည်းကောင်း၊ ဆိုင်ရှင်(စုံစမ်းဆဲ)၊ Peng An Ting ပါ တရုတ်နိုင်ငံသား(၂)ဦးနှင့် မမိုးမိုး(ခ)အားဖျင် ပါ(၈)ဦးတို့အား တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၁၀/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅(၁)ဖြင့်လည်းကောင်း အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည္​

No comments:

Post a Comment