မန်ယူကွင်းလယ်လူ ပေါ့ဘာကို ပီအက်စ်ဂျီအသင်းမှ ချိတ်ဆက်မှုများ ပြုလုပ်နေ သော်လည်း မန်ယူအသင်းမှ ထွက်ခွာမည်ဆိုသည့်ကိစ္စရပ်များအပေါ် ငြင်းဆန် သွားခဲ့သည်။Chanal + နှင့် အင်တာဗျူးပြုလုပ်စဉ် ပေါ့ဘာက ကစားသမားတစ်ဦး အနေဖြင့် ရာသီသစ်တွင် မည်သို့သောအာမခံချက်မျိုးမှ မရရှိနိုင်သော်လည်း မန်ယူမှ ထွက်ခွာမည်ဆိုသည့်ကိစ္စရပ်ကို ငြင်းဆန်ခဲ့သည်။
ယခုနှစ်ဘောလုံးရာသီတွင် ပေါ့ဘာမှာ အရန်ခုံပေါ်တွင်ထိုင်ခဲ့ရသည့် ပွဲစဉ်များရှိခဲ့သည်။ နွေဈေးကွက်ဖွင့်လှစ်ချိန် မန်ယူမှထွက်ခွာနိုင်သည့် ကစား သမားများထဲတွင် ပေါ့ဘာလည်း ပါဝင်နိုင်ကြောင်း သတင်းထွက်နေရာ ပေါ့ဘာ က သူနှင့် မော်ရင်ဟိုကြား မပြေလည်မှုများရှိနေနိုင်သော်လည်း ယခုနှစ် နွေဈေးကွက်အတွင်း မန်ယူမှထွက်ခွာမည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
ပေါ့ဘာက ''ကျွန်တော် အကြိမ်ပေါင်းများစွာ မကစားရဘဲ အရန်ခုံပေါ်မှာ ထိုင်ခဲ့ရပါတယ်၊ ဒီကိစ္စရပ်အပေါ် အများကြီးပြောစရာတွေ ဖြစ်ခဲ့တယ်။ လူတွေအနေနဲ့ ဒီနေရာမှာ ထင်မြင်တာတွေမှားနေပြီး နည်းပြနဲ့ကစားသမား ဆိုတာ အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်ကြပါဘူး၊ ဘယ်သူကမှလည်း စားသောက်ဆိုင်ကို အတူသွားဖို့ ဖိအားပေးလို့မရဘဲ စိတ်ပိုင်းဆိုင်ရာများလည်း မပြေလည်မှုတွေရှိနိုင်ပါတယ်''ဟု ဖြေကြားသွားခဲ့သည်။
သို့သော် ပေါ့ဘာက မော်ရင်ဟိုဟာ သူ့ကို မန်ယူအသင်းခေါင်းဆောင် အဖြစ် ဆောင်ရွက်စေသည့်ပွဲစဉ်မှာ သူ့အတွက် စိတ်ပိုင်းဆိုင်ရာတွန်းအားပေးမှု များစွာရရှိခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းအတွက်ပါ အသင်းခေါင်းဆောင် အဖြစ် ဆောင်ရွက်နိုင်သည့်အရည်အသွေးကို ပြသနိုင်ခဲ့ကြောင်း ဆိုခဲ့သည်။ ပေါ့ဘာက ပီအက်စ်ဂျီအသင်းမှ ချိတ်ဆက်နေသည်ဟူသောသတင်းများနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် သူနှင့် သူ့မိဘများက မာဆေးလ်ပရိသတ်များ ဖြစ်ကြသည့်အတွက် ပီအက်စ်ဂျီမှာ သူ့ဘဝနှင့် မနီးစပ်သည့်ကလပ်အသင်း ဖြစ်ကြောင်း မယုတ်မလွန် ဖြေကြားသွားခဲ့သည်။
မေလဲ့သင်း(ကြေးမှုံ)
No comments:
Post a Comment