Latest News

Tuesday, May 22, 2018

တိုက်စစ်မှူး နေမာ အထူးကုသမှုလိုအပ်နေဟု နည်းပြသစ်ပြောကြား

တိုက်စစ်မှူး နေမာ အထူးကုသမှုလိုအပ်နေဟု နည်းပြသစ်ပြောကြား

ပီအက်စ်ဂျီအသင်း၏  အားထားရ သည့်   တိုက်စစ်မှူး  နေမာသည် ဒဏ်ရာမှ  ပြန်လည်သက်သာလာပြီ ဖြစ်သော်လည်း လက်ရှိတွင် အထူး ကုသမှု    လိုအပ်နေသေးသည်ဟု ပီအက်စ်ဂျီအသင်း    နည်းပြသစ် သောမက်တက်ချယ်က   ပြောကြား ခဲ့သည်။

တိုက်စစ်မှူး နေမာသည် ပြီးခဲ့ သည့်  သြဂုတ်လအတွင်းက  စပိန် နာမည်ကြီးကလပ် ဘာစီလိုနာအသင်း မှ ကမ္ဘာ့စံချိန်တင်  ပြောင်းရွှေ့ကြေး ယူရို  ၂၂၂ သန်းဖြင့် ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြန်လည် ပြောင်းရွှေ့ကစားရန် ချိတ်ဆက်မှုများ ရှိနေခဲ့သည်ဟုလည်း   သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဘရာဇီးတိုက်စစ်မှူး   နေမာ သည်    ဖေဖော်ဝါရီလကတည်းက ခြေထောက်ဒဏ်ရာ    ရရှိထားခြင်း ကြောင့် ပီအက်စ်ဂျီအသင်းတွင် ပါဝင် ကစားနိုင်ခဲ့ခြင်း   မရှိခဲ့သော်လည်း ပြင်သစ်ပထမတန်းပြိုင်ပွဲ၏  တစ်နှစ် တာ အကောင်းဆုံးကစားသမားဆုကို ရယူဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

လာမည့်ဇွန်လတွင်    စတင် ကျင်းပမည့် ၂ဝ၁၈ ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း  ဘရာဇီးအသင်း၏ ပွဲထွက်    ကစားသမားစာရင်းတွင် တိုက်စစ်မှူး  နေမာ ပါဝင်လာမည်  ဖြစ်သည်။

အသက်   ၂၆   နှစ်အရွယ်ရှိ တိုက်စစ်မှူး နေမာသည် ပီအက်စ်ဂျီ အသင်းတွင် တစ်နှစ်ကြာ ပါဝင်ကစား ပြီးနောက်  အသင်းမှ  ထွက်ခွာကာ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ကစားမည်ဟု သတင်းထွက်နေသော် လည်း     ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကမူ ယင်းအကြောင်း နှင့်ပတ်သက်၍    ငြင်းဆိုခဲ့သည်။

ငွေကြယ်(​ကြေးမှုံ)

No comments:

Post a Comment