Latest News

Tuesday, May 22, 2018

ဖယ်လိုင်နီအား စာချုပ်ချုပ်ဆိုခေါ်ယူရန် အေစီမီလန် မျှော်လင့်နေ

ဖယ်လိုင်နီအား စာချုပ်ချုပ်ဆိုခေါ်ယူရန် အေစီမီလန် မျှော်လင့်နေ

မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ပျက်ပြယ်ခဲ့ပြီးနောက် အီတလီ စီးရီးအေကလပ် အေစီမီလန်အသင်းက စာချုပ်ချုပ်ဆိုခေါ်ယူရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းသည် ကွင်းလယ်ကစားသမား ဖယ်လိုင်နီအား အသင်းတွင် ဆက်ရှိရန် စာချုပ်သစ်ချုပ်ဆိုလို သော်လည်း ဖယ်လိုင်နီကမူ လာမည့်လတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဥရောပ၏ ထိပ်တန်းအဆင့်ရှိ ကလပ်အသင်းများ၏ စိတ်ဝင်စားမှုကိုလည်း ခံထားရပြီး အေစီမီလန် အသင်း အားကစားဒါရိုက်တာ မီရာဘယ်လီကလည်း ကွင်းလယ်ကစားသမား ဖယ်လိုင်နီအား ခေါ်ယူလိုကြောင်း အခိုင်အမာပြောကြားခဲ့သည်။

အေစီမီလန်အသင်းက အသက် ၃ဝ အရွယ်ရှိ ကွင်းလယ်ကစားသမား ဖယ်လိုင်နီအား သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခေါ်ယူမည်ဖြစ်ပြီး ဖယ်လိုင်နီအနေဖြင့် ၎င်း၏လုပ်ခလစာကို တစ်ပတ်ပေါင် ၁၂ဝဝဝဝ အထိ လိုချင်ကြောင်း ပြောကြားထားသည်။

ကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် ချယ်လ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်  အက်ဖ်အေဖလားနောက်ဆုံးဗိုလ်လုပွဲတွင် ကြွက်သားဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သော်လည်း ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီယံအသင်းနှင့်အတူ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ဖယ်လိုင်နီသည် ၂ဝ၁၃ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် ၂၇ ဒသမ ၅ သန်းဖြင့် အဲဗာတန်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးမန်ယူအသင်းတွင် ငါးနှစ်ကြာ ပါဝင်ကစားပေးထားပြီးဖြစ်သည်။

ငွေကြယ်(​ကြေးမှုံ)

No comments:

Post a Comment