Latest News

Monday, May 28, 2018

မန္တလေးမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဓားကိုင်ခြိမ်းခြောက် ငွေကျပ် ၆၃ သိန်း ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်ခံရ

မန္တလေးမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဓားကိုင်ခြိမ်းခြောက်
ငွေကျပ် ၆၃ သိန်း ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်ခံရ


မန္တလေး   မေ  ၂၈

မန္တလေးမြို့        ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက် ၅ဝ၇  ကျောက်ဆစ်တန်း   စစ်ကိုင်း-မန္တလေး ကားလမ်းပေါ်ရှိ ရွှေစင်မြင့်မိုရ်ရွှေဆိုင်တွင် မေ ၂၈ ရက်  နံနက်  ၁ဝ   နာရီခွဲခန့်က အမျိုးသားတစ်ဦးက  ဓားဖြင့်ခြိမ်းခြောက်၍ ငွေကျပ် ၆၃  သိန်း ကျော်တန်ဖိုးရှိ   ရွှေထည်ပစ္စည်းများ   လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ''ရွှေစင်မြင့်မိုရ်'' ရွှေဆိုင် သို့ နံနက် ၁ဝ နာရီခွဲခန့်က ဆိုင်ကယ် တစ်စီးဖြင့်  အမျိုးသားနှစ်ဦး  ရောက်ရှိ လာပြီး တစ်ဦးမှာ    ဆိုင်ကယ်အနီးမှ   စောင့်နေပြီး ကျန်တစ်ဦးမှာ ဆိုင်အတွင်း သို့ဝင်ရောက်၍ ¤င်း၏အမျိုးသမီးအတွက်  ရွှေလက်ကောက်  ဝယ်ပေးလိုကြောင်း ပြောဆိုကာ    လက်ကောက်များ  ပြခိုင်း သဖြင့် ပြသခဲ့သည်။
ယင်းသို့    ပြသနေစဉ်   အဆိုပါ အမျိုးသားက   အသင့်ပါလာသော  ဓား မြှောင်ဖြင့်   ခြိမ်းခြောက်ပြီး   ရွှေလက် ကောက်များ  ထည့်ထားသည့် မှန်ကောင် တာအား ရိုက်ခွဲကာ အလေးချိန် နှစ်ကျပ် သားခန့်ရှိ ဖွေးဖွေး လက်ကောက်နှစ်ကွင်း   (တန်ဖိုးငွေကျပ် ၃၆ သိန်း)၊ အလေးချိန် ငါးမူးသားခန့်ရှိ  ပိုက်လုံးလက်ကောက် နှစ်ကွင်း (တန်ဖိုးငွေကျပ်ကိုးသိန်း)၊ အလေးချိန်တစ်ကွင်းလျှင် ခြောက်            ပဲသားခန့်ရှိ ပိုက်စက်ဖြတ်ပုံ လက်ကောက် ခြောက်ကွင်း (တန်ဖိုး ငွေကျပ် ၁၈  သိန်း)  စုစုပေါင်း  ရွှေထည်ပစ္စည်း အလေးချိန်  ခုနစ်ကျပ်သားခန့် ကာလတန်ဖိုးငွေကျပ် ၆၃   သိန်းကျော်ကို   ယူဆောင်ပြီး            မောင်းနှင်ထွက်ပြေးသွားသည်။

အဆိုပါဖြစ်စဉ်နှင့်  ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့် ထားရှိပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးရမိရေး   စုံစမ်းဆောင် ရွက်လျက်ရှိကြောင်း   သိရသည်။

မြန်​မာ့အလင်း၊အောင်စံမောင်

No comments:

Post a Comment