Latest News

Monday, May 28, 2018

တောဆင်ရိုင်း သတ်ဖြတ်သူများအား အထူးအဖွဲ့ ဖွဲ့၍ ဖော်ထုတ်အရေးယူလျက်ရှိ

တောဆင်ရိုင်း သတ်ဖြတ်သူများအား အထူးအဖွဲ့ ဖွဲ့၍ ဖော်ထုတ်အရေးယူလျက်ရှိ



နေပြည်တော်    မေ    ၂၈

ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ် ဥက္ကံနယ်မြေရဲစခန်းမှ  တောရိုင်းတိရ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့်  သဘာဝနယ်မြေများ   ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က) အမှုများမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအနက် မှော်ဘီမြို့နယ်    တပ်ကြီးကုန်းကျေးရွာနေ   မောင်ကြာ(ခ)ကြာလုံ(၄၅ နှစ်)အား   မေ ၂၇  ရက်   နံနက် ၁ နာရီက ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ   ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် မောင်ကြာ(ခ)ကြာလုံ၊   မင်းတုန်းမြို့နေ  ထွန်းနိုင်၊   မောင်မြင့် (၃ဝ နှစ်)၊ ကျော်ကျော်(၃ဝ နှစ်)နှင့် မောင်ငယ်(၄ဝ နှစ်)(စိစစ်ဆဲ)တို့  ငါးဦးအဖွဲ့သည်   တောဆင်ရိုင်းပစ်ရန် တူမီးသေနတ်လေးလက်ဖြင့် ဥက္ကံမြို့ သစ်တောကြိုးဝိုင်း အမှတ် ၇၆  သို့   ရောက်ရှိခဲ့ပြီး  ဗွတ်မြောင်သို့ သွားရောက်ခဲ့ကြောင်း။

ယင်းနောက်   တောဆင်ရိုင်း အမ တစ်ကောင်အား အဆိပ်ပါသောမြားဖြင့် ပစ်သတ်ခဲ့ပြီး ဆင်သေအား ၄င်းနေရာ တွင်  နှာမောင်းဖြတ်ခြင်း၊ အရေခွံခွာ    ခြင်း၊ မီးခိုးကျပ်တိုက်ခြင်းများ ပြုလုပ်၍ ရန်ကုန်မြို့တွင်နေထိုင်သူ အမျိုးသား တစ်ဦးထံသို့  တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝဝ ဖြင့် ပိဿာ ၄ဝ  ရောင်းချခဲ့ရာ မောင်ကြာ (ခ)ကြာလုံမှ ဝေစု  ငွေကျပ် ၂ဝဝဝဝဝ    ရရှိခဲ့ပြီး  ၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင်    ၄င်းတို့ငါးဦး    သည်    ဥက္ကံမြို့   သစ်တောကြိုးဝိုင်း   အမှတ် ၇၄ သို့    သွားရောက်၍ တောဆင် ရိုင်းတစ်ကောင်အား တူမီးသေနတ်ဖြင့်     ပစ်ခတ်သတ်ဖြတ်ပြီး   အဆိုပါနေရာ    တွင်  အရေခွံခွာခြင်း၊ မီးခိုး ကျပ်တိုက်   ခြင်းများ    ပြုလုပ်၍   ရန်ကုန်မြို့တွင်   နေထိုင်သူ  အမျိုးသားတစ်ဦးထံသို့ ရောင်းချခဲ့ရာ   မောင်ကြာ (ခ) ကြာလုံမှ ဝေစု ငွေကျပ် ၂၅ဝဝဝဝ  ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် မတ်လတွင် ၄င်းတို့ ငါးဦးသည် ဥက္ကံမြို့  သစ်တောကြိုးဝိုင်း အမှတ် ၇၄ သို့   ထပ်မံသွားရောက်ခဲ့ပြီး အသက်ငါးနှစ်ခန့်ရှိ    တောဆင်ရိုင်း တစ်ကောင်အား   တူမီးသေနတ်ဖြင့် အဆိပ်လူးမြားထည့်၍  ပစ်ခတ်သတ်ဖြတ် ခဲ့ပြီး အရေခွံခွာခြင်း၊ မီးခိုးကျပ်တိုက် ခြင်းများပြုလုပ်၍     ရန်ကုန်မြို့တွင်   နေထိုင်သူ   အမျိုးသားတစ်ဦးထံသို့   ရောင်းချခဲ့ရာ မောင်ကြာ (ခ)ကြာလုံမှ ဝေစု ငွေကျပ် ၁၅ဝဝဝဝ ရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မင်းတုန်းမြို့       ၃ ရပ်ကွက်  (ချင်းကုန်း)၌   ထွန်းနိုင် (၄၅ နှစ်) နှင့် ညီဖြစ်သူ   မောင်မြင့်(၄၂ နှစ်) တို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သဖြင့်   ၄င်းတို့ သုံးဦးအား  မေ ၂၇ ရက်  မွန်းလွဲ  ၁ နာရီခွဲတွင်  အမှုဖြင့် ဆက်လက် စစ်ဆေးလျက်ရှိပြီး ၂ဝ၁၇-၂ဝ၁၈ ခုနှစ် အတွင်း တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှု  အရေအတွက်    တိုးပွား လာခြင်းကြောင့်  တောဆင်ရိုင်းများ သတ်ဖြတ်မှု   လျော့နည်းကျဆင်းရေး အတွက် တောဆင်ရိုင်းများ  သတ်ဖြတ် ခံရသည့် ဒေသများနှင့်   တောဆင်ရိုင်း များမှ ထွက်ရှိသော  ဆက်စပ်ပစ္စည်းများ သယ်ဆောင်ရာ   လမ်းကြောင်းများကို   ပိတ်ဆို့ရှာဖွေဖမ်းဆီး   ဖော်ထုတ်နိုင်      ရေးအတွက် ပူးပေါင်းအထူးအဖွဲ့အား ဖွဲ့စည်း၍  အလေးထား စုံစမ်းဖမ်းဆီး ဖော်ထုတ်လျက်ရှိကြောင်း    သတင်း   ရရှိသည်။      
                 
သတင်းစဉ်

No comments:

Post a Comment