မာဆေးဆိုက် မေ ၂၂
လီဗာပူးနည်းပြ ကလော့သည် မေ ၂၆ ရက်ညတွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အကောင်းဆုံး ရလဒ်ပိုင်ဆိုင်နိုင်ရန် မျှော်လင့်နေသည်။ လီဗာပူးသည် ယခု ရာသီတွင် (၆)ကြိမ်မြောက် ချန်ပီယံ လိဂ်ဖလားကို မျှော်မှန်းနေခြင်းဖြစ်သည်။
အဆိုပါပွဲအတွက် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကလော့က ''ကျွန်တော်တို့ဘက်က ခံစားမှု အရမ်းကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖြတ်သန်းလာတဲ့ အ ဆင့်တွေက စိတ်ဝင်စားစရာတွေချည်း ပါပဲ။ ဒါ့ပြင် ခြေစွမ်းအဆင့်ရော အာရုံစူးစိုက်မှုတွေပါ မြင့်မားလာပါတယ်။ ဒါကြောင့် ကျွန်တော်က ဘောလုံး ကို ချစ်မြတ်နိုးတာပါ။ ဒီပွဲမှာ ကျွန်တော်တို့ အမြင့်ဆုံး အောင်မြင်မှုနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်'' ဟုပြောသည်။
လီဗာပူးက ယခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲမှတစ်ဆင့် စတင်ကစားခဲ့ရပြီး ၄၈ ဂိုးဖြင့် ဂိုးအများဆုံး သွင်းနိုင်ခဲ့သည်။ ထိုအနေအထားများက ရီးယဲလ်ကို ကောင်းစွာ ယှဉ်နိုင်မည့် မှတ်တမ်း များဖြစ်ကြောင်း ကလော့က ယုံကြည်ေ နသည်။
ဆက်လက်ပြီး ကလော့က ချန်ပီယံလိဂ်သမိုင်းတွင် ပထမဆုံး သုံးကြိမ်ဆက်ချန်ပီယံ ဖြစ်လာရန် မျှော်လင့် နေသော ပြိုင်ဘက်နည်းပြဇီဒန်းကို ကမ္ဘာ့ဘောလုံးသမိုင်းထဲမှ အေ ကာင်းဆုံး ကစားသမား ငါးဦးထဲတွင် အမြဲ တမ်းပါဝင်နေသူဟု ချီးကျူးခဲ့သည်။ ''သူက ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားငါးဦးထဲမှာ ပါဝင်နေသူပါ'' ဟု ကလော့က ပြောသည်။
MWD
No comments:
Post a Comment