Latest News

Wednesday, May 23, 2018

ကျောင်းဆရာမတစ်ဦးအသတ်ခံရ

ကျောင်းဆရာမတစ်ဦးအသတ်ခံရ

ဖောင်းပြင်   မေ ၂၃

ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းအုပ်စု၊ ပိုးစာကုန်းကျေးရွာနှင့် မန်မော်ကျေးရွာသို့ သွားသည့် ကျေးရွာချင်းဆက်လမ်းပိုးစာကုန်း aကျးရွာနှင့်(၁)မိုင်ခန့်အကွာလမ်း၏တောင်ဘက် ကိုင်းပင်များ ပေါက်နေသည့် ရေမရှိသောမြောင်း၌ မန်မော်ကျေးရွာနေကျောင်း ဆရာတစ်ဦးအသတ်ခံရကြောင်းသိရသည်။

ဖြစ်စဉ်မှာမေ(၂၂)ရက် ညနေ(၁၉း၀၀)နာရီအချိန်တွင် မန်မော်ကျေးရွာနေဦး………….. သည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေဒေါ်………….. မှ နေအိမ်သို့ရောက်ရှိလာပြီး ၎င်း၏ သမီး ဖြစ်သူသေဆုံးသူ မ…………… သည် တစ်ကျောင်းတည်းတွင် အတူတာဝန်ကျသူ ကျောင်းဆရာမတစ်ဦးအားဖောင်းပြင်မြို့နယ် ပိုးစာကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားကြိုရာမှ ပြန်ရောက် မလာကြောင်းလာရောက်အကြောင်းကြားသည့်အတွက် ဦး…………. မှ မန်မော်ရွာသူ/သားများနှင့် အတူသွားရောက်ရှာဖွေကြရာ ည(၂၁း၃၀) အချိန်ခန့်တွင် ပိုးစာကုန်းကျေးရွာနှင့် မန်မော်ကျေးရွာကြားတွင် သေဆုံးသူ မ……….. မောင်းနှင်သည့် မော်တော်ဆိုင်ကယ်နှင့် အတူဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာဖြင့် မှောက်လျှက်သေဆုံးနေသည်ကိုတွေ့ရပြီး ၎င်း၏အနီးတွင် ၎င်းဝတ်ဆင်သည့် ဘောင်းဘီဟုယူဆရသည့် အပြာနု ရောင် အတွင်းခံဘောင်းဘီအားတွေ့ရပြီးသေဆုံးသူ မ……… ကိုင်ဆောင်သည့် ဖုန်းတစ်လုံးအားလည်းတွေ့ရှိခဲ့ရသဖြင့် ဦး……………. မှ မန်မော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အားဖုန်းဆက် အကြောင်းကြားခဲ့ရာအုပ်ချုပ်ရေးမှူး မှ ဖောင်းပြင်မြို့နယ်ရဲစခန်းသို့ ဆက်လက်အကြောင်းကြားခဲ့ပြီးဖောင်းပြင်မြို့မ ရဲစခန်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။

ပြန်/ဆက်(ဖောင်းပြင်)

No comments:

Post a Comment