Latest News

Wednesday, May 23, 2018

ထရမ့်-ကင်ဂျုံအွန် ထိပ်သီး ဆွေးနွေးပွဲ စီစဉ်ထားသည့် အတိုင်း ကျင်းပရန် ၉၉ ဒသမ ၉ ရာခိုင်နှုန်း သေချာဟု တောင်ကိုရီးယား ပြော

ထရမ့်-ကင်ဂျုံအွန် ထိပ်သီး ဆွေးနွေးပွဲ စီစဉ်ထားသည့် အတိုင်း ကျင်းပရန် ၉၉ ဒသမ ၉ ရာခိုင်နှုန်း သေချာဟု တောင်ကိုရီးယား ပြော

ဝါရှင်တန် မေ ၂၂

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲသည် စီစဉ်ထားသည့်အတိုင်း လာမည့်လတွင် ကျင်းပရန် ၉၉ ဒသမ ၉ ရာခိုင်နှုန်း သေချာမှု ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ ပြန်လည် ဖြစ်ပေါ်လာသော်လည်း ထရမ့်-ကင်ဂျုံအွန် ထိပ်သီးဆွေးနွေးပွဲမှာ စီစဉ်ထားသည့်အတိုင်း ကျင်း ပဖြစ်မည် ဖြစ်ကြောင်း ထောက်လှမ်းရေး အကြီးအကဲ ချွမ်အွီးယုံက တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့်အတူ အမေရိကန် ပြည်ထောင်စုသို့ သွားစဉ် မေ ၂၁ ရက်တွင် လေယာဉ်ပေါ်၌ ပြောခြင်းဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံအကြား သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်တွင် ကျင်းပနိုင်ခဲ့ပြီး ထိုဆွေးနွေးပွဲ သည် နှစ်နိုင်ငံပြန်လည် အဆင်ပြေစေရေး မျှော်မှန်းချက်ကို ပို မိုမြင့်တက်စေခဲ့သည်။

သို့သော် မကြာသေးမီ ကပြုလုပ်သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲလေတပ်စစ်ရေး လေ့ကျင့်မှုကို မြောက်ကိုရီးယားက ကန့်ကွက်ကာ ထ ရမ့်နှင့်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထို့ပြင် ၎င်းတို့၏တောင်းဆိုချက်များ မရရှိပါက တောင်ကိုရီးယား အစိုးရနှင့် မည်သည့် ဆွေးနွေးမှုမျှ လုပ်ဆောင်မည် မဟုတ်ကြောင်း မြောက်ကိုရီးယားမှ စေ့စပ်ညှိနှိုင်းရေး ခေါင်းဆောင်ရီဆန်ဂွမ်က ပြောသည်ဟျွုReuters သတင်းဌာနက ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သတင်း ထောက်များကမေးမြန်းရာ ၎င်းတို့အနေဖြင့် မြောက်ကိုရီးယားဘက်တွင် ရှိသော အခြေအနေကို သိရှိနား လည်နိုင်ရန် ကြိုးပမ်းနေကြောင်း ချွမ်အွီးယုံက ပြန်လည် ဖြေဆိုထားသည်။

ထို့ပြင် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ အောင်မြင်အောင် မည်သို့လုပ်ဆောင်မည်၊ ထူးခြား သော သဘောတူညီချက်များ ရရှိရန်နှင့် ထိုသဘော တူညီချက် များကို မည်ကဲ့သို့ အကောင်အထည် ဖော်မည်နှင့် ပတ်သက်၍ ထရမ့်နှင့် ကင်ဂျုံအွန်တို့က ပွင့်ပွင့်လင်းလင်း ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထရမ့်-ကင်ဂျုံအွန် ထိပ်သီးဆွေးနွေးပွဲကို ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ချွမ်အွီးယုံသည် တောင်ကိုရီးယား သမ္မတမွန်ဂျေးအင်၏ အ ထူးကိုယ်စားလှယ်အဖြစ် မြောက်ကိုရီး ယားသို့သွား ရောက်ညှိနှိုင်းခဲ့သည့်အပြင် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲနှင့် အမေရိကန်-မြောက် ကိုရီးယား ထိပ်သီးေ ဆွးနွေးပွဲတို့ ဖြစ်ပေါ်လာရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ သူဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment