ကွာလာလမ်ပူ မေ ၂ဝ
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် မလေးရှား ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ထံသို့ စနေနေ့ က အလည်အပတ်ရောက်ရှိခဲ့ပြီး မလေးရှား ဝန်ကြီးချုပ် အသစ်ရွေးချယ်တင်မြှောက်ခံရပြီး နောက်တွင် ဘရူနိုင်းနိုင်ငံခေါင်းဆောင် စူလ်တန် ဟာဆန်နယ်ဘိုကီးယားပြီးလျှင် ဒုတိယမြောက် ဖိတ်ခေါ်ခြင်းခံရသည့် အရှေ့တောင်အာရှနိုင်ငံ များ အသင်း၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။
စိတ်အားထက်သန်
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်နှင့် နွေးထွေးသည့် ဆက်ဆံရေးရှိခဲ့ သည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် ဗုဒ္ဓဟူးနေ့က ¤င်း၏ခရီးစဉ်ကို ကြေညာခဲ့ချိန် တွင် နှစ်နိုင်ငံအပြန်အလှန် အကျိုးစီးပွား အတွက် မဟာသီယာနှင့်အတူ လက်တွဲလုပ်ဆောင် သွားရန် စိတ်အားထက်သန်ကြောင်း ပြောကြား ခဲ့သည်။
နှစ်ဖက်စလုံးတို့သည် နှစ်နိုင်ငံရင်းနှီးဆက်ဆံမှုများနှင့် ပတ်သက်၍ မိနှစ် ၃ဝ ကျော်ကြာ အောင် စကားပြောဆိုခဲ့ကြကြောင်း ဝန်ကြီးချုပ် မဟာသီယာ၏ တွစ်တာပေါ်တွင် ရေးသားဖော်ပြ ခဲ့မှုအရ သိရသည်။
ကွာလာလမ်ပူနှင့် စင်ကာပူ မြန်နှုန်းမြှင့် ရထားလမ်းစီမံကိန်းကို ၂ဝ၂၆ ခုနှစ်တွင် လည်ပတ် ဆောင်ရွက်သွားရန် စီစဉ်ထားမှုကိုလည်း လီကထည့်သွင်းဆွေးနွေးသွားခဲ့သည်ဟု ယူဆရသည်။
အစည်းအဝေးအပြီးတွင် လီသည် ပူထရာ ဂျာရာရှိ အန်ဝါအီဘရာဟင်နှင့် ¤င်း၏ဇနီးဖြစ်သူ မလေးရှားဒုတိယဝန်ကြီးချုပ် ဝမ်အဇီဇာဝမ် အစ္စမေးလ်ထံသို့လည်း အလည်အပတ်သွား ရောက်ခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။
၁၉၉ဝ ပြည့်နှစ်တွင် မလေးရှားဝန်ကြီးချုပ် အဖြစ် မဟာသီယာပထမအကြိမ် ဆောင်ရွက် ခဲ့စဉ်အတွင်း လီနှင့် အီဘရာဟင်တို့သည် စင်ကာပူနှင့်မလေးရှားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် များ ဖြစ်ခဲ့ကြသည်။
မြန်မာ့အလင်း
No comments:
Post a Comment