Latest News

Monday, May 21, 2018

အငှားယာဉ်မောင်းထံမှ လုယက်သူများကို အချိန်တိုအတွင်း ဖမ်းဆီးအရေးယူ

အငှားယာဉ်မောင်းထံမှ လုယက်သူများကို  အချိန်တိုအတွင်း ဖမ်းဆီးအရေးယူ

ရန်ကုန်     မေ    ၂ဝ

အငှားယာဉ်ငှားစီးပြီး ယာဉ်မောင်းထံမှ ပိုက်ဆံအိတ် လုယူသူနှစ်ဦးအား အချိန်တိုအတွင်း ဖမ်းဆီးရမိမှု မရမ်းကုန်းမြို့နယ်၌ ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ ကို------သည် ပïိဘောက် အငှားယာဉ်အား လှိုင်သာယာမြို့နယ်တွင် မောင်းနှင်နေစဉ်   မေ   ၁၉ ရက် ည ၉ နာရီခန့်က အမျိုးသားနှစ်ဦး    ရွှေလင်ဗန်းစက်မှုဇုန်သို့ ပို့ဆောင်ပေးရန် ငွေကျပ်  ၃ဝဝဝ ဖြင့်   ငှားရမ်း သဖြင့်  လိုက်ပါပို့ဆောင်ပေးခဲ့ပြီးနောက်   မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံရှိ၎င်းတို့၏မိတ်ဆွေထံသို့ ငွေကျပ် ၂ဝဝဝဝ ဖြင့် ထပ်မံပို့ဆောင်ပေးရန်  ငှားရမ်းခဲ့ရာ သမိုင်းသို့အရောက် တွင် ၄င်းတို့၏မိတ်ဆွေအိမ်အား မှတ်မိခြင်းမရှိတော့၍ ကားဖြင့် လိုက်လံရှာဖွေနေစဉ် မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက်  ညီညွတ်ရေးလမ်းအရောက် ကား၏နောက်ခန်း တွင်လိုက်ပါလာသူ   အမျိုးသားက  ယာဉ်မောင်းအား   နောက်မှမျက်လုံးကို   လက်ဖြင့်   ပိတ်လိုက်ရာ  ကားမှာရပ်သွားစဉ်  ကားရှေ့ခန်းမှ အမျိုးသားက  ယာဉ်မောင်းပိုင်   ငွေကျပ် ၄၅ဝဝဝ ထည့်ထားသည့်   အိတ်ကိုဆွဲပြီး  ကားပေါ်မှ  နှစ်ဦးစလုံးဆင်းကာ    ထွက်ပြေး              သဖြင့်    ယာဉ်မောင်းက ပတ်ဝန်းကျင်သို့    အကူအညီတောင်းရာ  လှည့်ကင်းဆောင်ရွက်နေ သည့် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များနှင့်   အနီးပတ်ဝန်းကျင်မှ လူများက ဝိုင်းဝန်း ဖမ်းဆီးသဖြင့်  အဆိုပါအမျိုးသားနှစ်ဦးအား ငွေထည့်ထားသည့်  လွယ်အိတ်နှင့်အတူ ဖမ်းမိ ခဲ့သည်။
ဖမ်းဆီးရမိသူ  အမျိုးသားနှစ်ဦးအားစစ်ဆေးရာ လှိုင်သာယာမြို့နယ် ရိုးလေးကျေးရွာ   နေသူများဖြစ်သည့် မြတ်မင်း(၂၅ နှစ်)နှင့်  ပြည့်ဖြိုးအောင် (၁၉နှစ်)တို့ဖြစ်ပြီး  ၄င်းတို့အား ဘုရင့်နောင်နယ်မြေရဲစခန်းက  အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment