Latest News

Tuesday, May 22, 2018

အရှိန်လွန်မော်တော်ယာဉ် လမ်းဘေးသစ်ပင်ဝင်တိုက်မိ နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်

အရှိန်လွန်မော်တော်ယာဉ် လမ်းဘေးသစ်ပင်ဝင်တိုက်မိ နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်

ပုသိမ် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ကံကလေးအုပ်စု၊ကံကလေးကျေးရွာ အနီးတွင် မေလ ၂၂ ရက်နေ့ နံနက် ၈း၃၀ နာရီအချိန်ခန့်က အရှိန်လွန်မော်တော်ယာဉ် လမ်းဘေးသစ်ပင်ဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။

အမှုမှာ တရားလို ရဲအုပ်ညွန့်အောင်သည် လှည်းဆိပ်ရဲကင်းစခန်းတွင် ရဲကင်းမှူးတာဝန် ဆောင်ရွက်နေစဉ် ကံကလေးကျေးရွာ အနီး ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်-ပုသိမ်ကားလမ်း၊မိုင်တိုင်အမှတ် ၇၉/၆ နှင့် ၇၉/၇ ကြား၊ ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ယာဉ်မောင်း အောင်မျိုး(၂၀)နှစ်၊ လှိုင်သာယာ၊ရန်ကုန်တိုင်းဒေသကြီး နေသူမောင်းနှင်ပြီး၊ ဦးဝင်းထိန်(ခ)ရန်ရုန်းမင်(၅၃)နှစ် လှိုင်သာယာ၊ရန်ကုန်တိုင်းဒေသကြီး လိုက်ပါစီးနင်းလာသော 5D/--------- ယာဉ်မှာ ကံကလေးကျေးရွာအနီး၌ အရှိန်လွန်ပြီး ကားလမ်း၏ယာဘက်ခြမ်းသို့ ထိုးကျကာ မလေးရှားပိတောက်ပင်အား ဝင်တိုက်မိသဖြင့် နှစ်ဦးစလုံး ပြင်းထန်သည့်ဒဏ်ရာများ ရရှိသွားသောကြောင့် ကျောင်းကုန်းဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုခံယူလျှက်ရှိပြီး၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်နာကျင်စေသူ ယာဉ်မောင်း
အောင်မျိုးအား ကျောင်းကုန်းမြို့မရဲစခန်း က အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment