Latest News

Tuesday, May 22, 2018

ဘားအံမြို့နယ်​ အိန္ဒ​ကျေးရွာအဝင်​ရှိ တိုးလ်​ဂိတ်​တွင်​ ရှာ​ဖွေစစ်​​ဆေးခြင်းများ​ဆောင်​ရွက်​စဉ်​ လိုင်​စင်​မဲ့ ​မော်​​တော်​ယာဉ်​​ခြောက်​စီးနှင့်​ ဆိုင်​ကယ်​တစ်​စီးသိမ်းဆည်းရမိ

ဘားအံမြို့နယ်​ အိန္ဒ​ကျေးရွာအဝင်​ရှိ တိုးလ်​ဂိတ်​တွင်​ ရှာ​ဖွေစစ်​​ဆေးခြင်းများ​ဆောင်​ရွက်​စဉ်​ လိုင်​စင်​မဲ့ ​မော်​​တော်​ယာဉ်​​ခြောက်​စီးနှင့်​ ဆိုင်​ကယ်​တစ်​စီးသိမ်းဆည်းရမိ


ဘားအံ ​မေ ၂၂

ကရင်​ပြည်​နယ်​ရဲတပ်​ဖွဲ့၊အိန္ဒုနယ်​​မြေရဲစခန်းမှူးရဲအုပ်​မင်း​အောင်​ထွန်း၊နယ်​ထိန်း​ခေါင်း​ဆောင်ဒုရဲအုပ်အောင်ကျော်ကိုတို့ဦးစီးအဖွဲ့သည်​ သက်​​သေ ဦး​မောင်​ခိုင်​၊ဦးဝင်းမြင့်​တို့နှင့်​အတူ ​မေလ ၂၂ရက်​​နေ့ နံနက်​ ၇ နာရီအချိန်​ခန့်​က စတင်​ပြီး ဘားအံ-မြဝတီကားလမ်းအိန္ဒုအဝင်​တိုးလ်​ဂိတ်​တွင်​နယ်မြေလုံခြုံရေး တရားဥပဒေစိုးမိုး​ရေးနှင့်​မှုခင်းကြိုတင်​ကာကွယ်​​ရေးအတွက်​ ရှာ​ဖွေစစ်ဆေးခြင်းများဆောင်ရွက်စဉ်​ ပိုင်​ရှင်​များ(စိစစ်​ဆဲ)ဖြစ်​ပြီး လိုင်​စင်​မဲ့ယာဉ်​များဖြစ်​​သော YGN-6E/-----၊ နံပါတ်​တပ်​Alphard Gအဖြူ​ရောင်​၊YGN/---- ​၊KYN-1/ I------နံပါတ်​တပ်​ Crown Rayal Saloonအနက်​​ရောင်​ယာဉ်​၊LYN-9K/-----​၊YGN-7F/----နံပါတ်​တပ်​၊AlphardGအဖြူရောင်​၊YGN-6F/----နံပါတ်​တပ်​၊Ipsum ခဲ​ရောင်​၊နံပါတ်​မပါShadowအမျိုးအစား နံသာ/အစိမ်း​ရောင်​ ဆိုင်​ကယ်​တစ်​စီးအပါအဝင်​စုစု​ပေါင်း ​မော်တော်ယာဉ်(၆)စီးနှင့်
ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး အိန္ဒုနယ်​​မြေရဲစခန်းက ဆက်​လက်​စစ်​​ဆေးလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။

မင်းသူ/ထွန်းထွန်း​ထွေး(ဘားအံ)မြန်​မာ့အလင်း

No comments:

Post a Comment