Latest News

Tuesday, May 8, 2018

စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်းကျော် ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြား  ၁၇ သိန်းကျော်  ဖမ်းဆီးရမိ

နေပြည်တော်   မေ   ၈

ငွေသိန်းပေါင်း ၄၈ဝဝဝ တန်ဖိုးရှိ WYစာတန်းပါ    စိတ်ကြွရူးသွပ်ဆေးပြားပေါင်း  ၁၇ သိန်းကျော်ကို သဝန်ချောင်းကင်းစခန်း၌    ယနေ့ နံနက်ပိုင်းက   ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သဝန်ချောင်း         ကင်းစခန်းမှ  သက်ဆိုင်ရာ    နယ်မြေရဲတပ်ဖွဲ့သည်  ယနေ့ နံနက် ၉ နာရီတွင်WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅ဝဝဝ နှင့် အတူ အောင်ကျော်နိုင်နှင့်  ရသေ့တောင် မြို့နယ် ဆင်ပိုက်ရွာမှ  အောင်သန်းဌေး တို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ  အောင်သန်းဌေး၏    မိခင်နေထိုင်သည့် ရသေ့တောင်မြို့နယ် ကုန်းတန်းကျေးရွာရှိ        နေအိမ်သို့    သွားရောက်စစ်ဆေးခဲ့ရာမှ    နေအိမ်အပေါ်ထပ်    အိပ်ခန်းအတွင်းမှ အဝါရောင် ဆာလာအိတ်  ရှစ်အိတ်ဖြင့် ထည့်ထားသည့်   စိတ်ြ<ွကရူးသွပ်ဆေး ပြားများအား ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါအိတ်များထဲမှ  ငွေကျပ်သိန်း ပေါင်း ၄၈ဝဝဝ တန်ဖိုးရှိ စိတ်ြ<ွကရူးသွပ် ဆေးပြားပေါင်း ၁၆ သိန်းကို    ထပ်မံ ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းWYစာတန်းပါ     စိတ်ြ<ွကရူးသွပ်ဆေးပြား ၁၇၈၅ဝဝဝ ကို ဖမ်းဆီးရမိခဲ့ပြီး   ဖြစ်စဉ်နှင့်ပတ်သက်၍    အောင်ကျော်နိုင်၊ အောင်သန်းဌေးနှင့်       မိခင်ဖြစ်သူ ဒေါ်ကျင်စိန်တို့အား  စေတီပြင် နယ်မြေရဲစခန်းတွင်     ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။          
 
သတင်းစဉ်

No comments:

Post a Comment