Latest News

Tuesday, May 8, 2018

တရုတ်သမ္မတနေရာ ထင်ကြေးပေးခံခဲ့ရသည့် တရုတ်ခေါင်းဆောင် ကို ​လာဘ်စားမှုဖြင့် ထောင်ချ

တရုတ်သမ္မတနေရာ ထင်ကြေးပေးခံခဲ့ရသည့် တရုတ်ခေါင်းဆောင် ကို ​လာဘ်စားမှုဖြင့် ထောင်ချ

ပေကျင်း   မေ   ၈

ယခင်  တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ဝင်ဟောင်း၊  လက်ရှိသမ္မတ  ရှီကျင့်ဖျင်  ပြီးနောက် အမွေဆက်ခံသူဖြစ်လာမည်ဟု  တစ်ချိန်က ထင်ကြေးပေးခံခဲ့  ရသော ဆွန်ကျန်ကီကို မေ ၈ ရက်က လာဘ်စားမှုဖြင့်    တစ်သက်တစ်ကျွန်း  ထောင်ဒဏ်ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

၎င်းသည်    သမ္မတရှီကျင့်ဖျင် လက်ထက်  အကျင့်ပျက်ခြစားမှုတိုက် ဖျက်ရေးတွင်  လာဘ်စားမှုဖြင့်  ထောင်ဒဏ်ချမှတ်ခံရသော  တရုတ် ကွန်မြူနစ် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။

ယခင် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဖြစ်သူ ဆွန်ကျန်ကီသည် ခြုံချင်းမြို့၏ ပါတီအကြီးအကဲလည်း   ဖြစ်ကြောင်း သိရသည်။ ¤င်းသည် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၇ သန်းကျော် တရုတ်ယွမ် သန်း ၁၇ဝ ကျော် လာဘ်စားမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၅၄ နှစ်ရှိ   ဆွန်သည် ပေါ်လစ်ဗျူရို   ခုနစ်ဦးပါ  ထိပ်တန်းအဖွဲ့ သို့  ရာထူးတိုးမြှင့်ခံရမည်ဟု  နာမည်ထွက်ခဲ့ပြီး  အဆိုပါ  ထိပ်တန်း အဖွဲ့သည်  နိုင်ငံတော်ကို  အုပ်ချုပ်နိုင်ပြီး  အဆိုပါအဖွဲ့ကို  သမ္မတ ရှီကျင့်ဖျင်က ဦးဆောင်လျက်ရှိကြောင်း  သိရသည်။
အသက်ငယ်ရွယ်ပြီး ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဖြစ်လာသည့် ဆွန်သည် တရုတ် သမ္မတဖြစ်ရန် အလေးသာသော်လည်း အခုအခါတွင် လာဘ်စားမှုဖြင့် ထောင်ကျ နေပြီဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုတွင်  သူ့အလိုလို ပူးပေါင်းပါဝင်ခဲ့သည့်အတွက် တရားခံကို သက်ညှာမှုပေးခဲ့ကြောင်း  တရားရုံးက ပြောခဲ့သည်။
၎င်းကို  ထောင်ဒဏ်ချမှတ်ခဲ့ရုံတင်မကဘဲ  လာဘ်စားခဲ့သည့် ပစ္စည်းများ ကိုလည်း သိမ်းဆည်းခဲ့ကြောင်း တရားရုံးက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။                

မြန်​မာ့အလင်း

No comments:

Post a Comment