Latest News

Wednesday, May 16, 2018

ဆင်သတ်ရာတွင်အသုံးပြုသောလက်နက်နှင့်ဆက်စပ်ပစ္စည်းများပိုင်ရှင်မဲ့တွေ့ရှိ

ဆင်သတ်ရာတွင်အသုံးပြုသောလက်နက်နှင့်ဆက်စပ်ပစ္စည်းများပိုင်ရှင်မဲ့တွေ့ရှိ

ငပုတော  မေ  ၁၆

ငပုတောမြို့နယ်၊ဝက်ကော်ဘိနယ်ရုံးတွင်အခြေပြုနေသောသစ်တော
လုံခြုံရေးရဲတပ်ဖွဲ့မှတိုင်းတာဝန်ခံဒုရဲမှူးထွန်းထွန်းဝင်းဦးဆောင်သည့်ရဲတပ်ဖွဲ့ဝင်များနှင့်အတူအခြားပူးပေါင်းပါဝင်ဆောက်ရွက်သောအဖွဲ့များသည်တောဆင်ရိုင်းများသတ်ဖြတ်မှုမခံရစေရေးနှင့်ဆင်ပစ်မုဆိုးများဖမ်းဆီးရမိရေးအတွက်မေလ၁၃ရက်နေ့၊နံနက်၁၀နာရီကနယ်မြေလှည့်ကင်းဆောင်ရွက်စဉ်ငရုတ်ကောင်းတောင်၊မြစ်တစ်ရာသစ်တောကြိုးဝိုင်းသစ်ကွက်အမှတ်(၁၉၇)၊သစ်ပုတ်ချောင်းဖျားအနီးတွင်ဆင်ပစ်မုဆိုးများစခန်းချသွားသည်ဟုယူဆရသောနေရာဟောင်းတစ်ခုအားတွေ့ရှိရှင်းလင်းဆောင်ရွက်စဉ်ပလတ်စတစ်ဖြင့်ဖုံးအုပ်ပတ်ကာ၍ပျဉ်ချပ်များနှင့်ဖိ၍ဝှက်သိမ်းထားသောတူမီးသေနတ်၃လက်နှင့်အတူဆင်ပစ်ရာတွင်အသုံးပြုသောဆက်စပ်ပစ္စည်းများအားပိုင်ရှင်မဲ့တွေ့ရှိခဲ့သည်။

ပိုင်ရှင်မဲ့တွေ့ရှိသည့်တူမီးသေနတ်၃လက်နှင့်ဆင်သပစ်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအားကရုတ်ကောင်းနယ်မြေရဲစခန်းတွင်ထိန်းသိမ်းထားပြီးဆင်ပစ်မုဆိုးများအားဖမ်းဆီးရမိရေးဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment