Latest News

Monday, May 28, 2018

မန္တလေး-ဗန်းမော် လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ၁၃ နှစ်တာကာလ၌ လင်းပိုင် ၂၉ ကောင် သေဆုံး

မန္တလေး-ဗန်းမော် လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ၁၃ နှစ်တာကာလ၌ လင်းပိုင် ၂၉ ကောင် သေဆုံး

မန္တလေး    မေ  ၂၇

အထက်မြန်မာပြည် မန္တလေး-ဗန်းမော် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ၁၃ နှစ်တာကာလ၌ လင်းပိုင် ၂၉ ကောင် သေဆုံးမှုရှိခဲ့ကြောင်း လင်းပိုင်ထိန်းသိမ်း ရေးဧရိယာလူထုအခြေပြု    ခရီးသွား လုပ်ငန်းမှ ကျေးရွာခုနစ်ရွာခေါင်းဆောင် ဦးမောင်မောင်လေးက     ပြောကြား သည်။

 အဆိုပါလင်းပိုင်များအား ၄င်း၏မိဘများ လွှဲပြောင်းပေးခဲ့သည့် ၁၉၈၄ ခုနှစ်မှစ၍ လင်းပိုင်   ၇၂   ကောင်ကို တာဝန်ယူထိန်းသိမ်းလာခဲ့ရာ   ၂ဝဝ၅ ခုနှစ် မေလမှ ၂ဝ၁၈ ခုနှစ် မေလအထိ လင်းပိုင်ကောင်ရေ ၂၉ ကောင် သေဆုံး ခဲ့ပြီး ¤င်းတို့အနက်    ၂၁   ကောင်မှာ ဘက်ထရီရှော့တိုက်မှုကြောင့် သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော့်မိဘတွေ   လွှဲပြောင်း တဲ့ကာလမှာ    လင်းပိုင်သေဆုံးမှုကို မှတ်တမ်းမပြုခဲ့ပေမယ့်၂ဝဝ၅   ခုနှစ်က စပြီး ပြုစုထားတဲ့မှတ်တမ်းတွေအရ     ၂၉  ကောင် သေဆုံးခဲ့ကာ မျက်မြင်ကိုယ်တွေ့ ကတော့၂၁ ကောင်ပါ၊  သေဆုံးမှုတွေ အများစုကတော့ ဘက်ထရီရှော့တိုက်မှု ကြောင့်ဖြစ်ပြီး   ကျန်တဲ့အကောင်တွေက တော့ ငါးပိုက်ငြိတာရယ်၊     ဓမ္မတာအရ အသက်အရွယ်ကြီးရင့်လို့ သေဆုံးကြတာ ဖြစ်ပါတယ်''ဟု ¤င်းကပြောသည်။

၂ဝ၁၄    ခုနှစ်မှစ၍    မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့်ပူးပေါင်း ၍ လင်းပိုင်များကို    ထိန်းသိမ်းစောင့် ရှောက်ခဲ့ရာ  ၂ဝ၁၇ ခုနှစ်တွင် လူထုအခြေ ပြုခရီးသွားလုပ်ငန်းကို စတင်အကောင် အထည်ဖော်ဆောင်ရွက်ပြီး    လူနှင့် လင်းပိုင်ပူးပေါင်း၍    ငါးဖမ်းသည့်ဓလေ့ ကို နိုင်ငံတကာခရီးသွားများအား ပြသ လျက်ရှိကြောင်းသိရသည်။

''အရင်ကတော့   ကျွန်တော်တို့ ဒေသခံတွေက   လင်းပိုင်အကူအညီနဲ့ မိရိုးဖလာ   ငါးဖမ်းတဲ့ဓလေ့ပဲရှိခဲ့တယ်၊ အခုနောက်ပိုင်း  သားငှက်ထိန်းသိမ်းရေး အဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့    ဒေသခံ ပြည်သူတွေပူးပေါင်းပြီး     လင်းပိုင်တွေ ကို    ထိန်းသိမ်းစောင့်ရှောက်နေတယ်၊ ကျွန်တော်တို့    ဒေသခံတော်တော်များ များက ဒီလင်းပိုင်တွေနဲ့တွဲပြီး လုပ်ကိုင် စားသောက်နေရတဲ့အတွက်    သူတို့ကို ဂရုတစိုက်     ထိန်းသိမ်းစောင့်ရှောက် နေပေမယ့်    စည်းကမ်းမဲ့သူတချို့တွေ ကြောင့်  လင်းပိုင်တွေ   သေဆုံးနေကြ ရတယ်''ဟု     ဦးမောင်မောင်လေးက ရှင်းပြသည်။

ထို့ပြင် ၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် မေလအတွင်း မ္တလေး-ကျောက်မြောင်း လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ၌ လင်းပိုင်သုံးကောင်၊    ထီးချိုင့်-ရွှေကူ အတွင်း လင်းပိုင်နှစ်ကောင်၊    ကသာ-ဗန်းမော်အတွင်း တစ်ကောင် မွေးဖွားခဲ့ ကြောင်း သိရသည်။

လက်ရှိတွင်      လင်းပိုင်များကို မ္တလေး-ဗန်းမော်ကြား   လင်းပိုင်ထိန်း သိမ်းရေးဧရိယာအတွင်း   ဧရိယာသုံးခု ခွဲခြား၍ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိရာ မ္တလေး-ကျောက်မြောင်း ထိန်းသိမ်း ရေးဇုန်တွင် လင်းပိုင် ၂၆ ကောင်၊ ထီးချိုင့်-ရွှေကူထိန်းသိမ်းရေး ဧရိယာအတွင်း ၁၃ ကောင်နှင့် ဗန်းမော်-ကသာ ထိန်းသိမ်း ရေး ဧရိယာအတွင်း ၃၇ ကောင်     စုစု ပေါင်း လက်ရှိတွင် လင်းပိုင်ကောင်ရေ ၇၆ ကောင်ရှိကြောင်း  သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment