Latest News

Monday, May 28, 2018

ရပ်တန့်ထားသည့် ကွန်တိန်နာယာဉ်အား ပရိုဘောက်ယာဉ်က ဝင်တိုက်

ရပ်တန့်ထားသည့် ကွန်တိန်နာယာဉ်အား ပရိုဘောက်ယာဉ်က ဝင်တိုက်

ရန်ကုန် မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ယုဇနဥယျာဉ်မြို့တော်အဝင် ကျွန်းရွှေဝါလမ်းနှင့် မြသီတာပန်းဥယျာဉ်ထောင့်၌ ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရပ်တန့်ထားသည့် ကွန်တိန်နာယာဉ် ဦးခေါင်း ပိုင်းဝဲဘက်ခြမ်းကို ပရိုဘောက်အငှားယာဉ်က တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းရွှေဝါလမ်းမပေါ်၌ ရပ်တန့်ထားသော ကွန်တိန်နာယာဉ်အမှတ် 3D/---- ကို မြသီတာလမ်း အတိုင်း အရှေ့မှ အနောက်သို့မောင်းနှင်လာသည့် ပရိုဘောက်အ ငှားယာဉ် AA/---က အရှိန်မထိန်းနိုင်ဘဲ ဆန့်ကျင်ဘက်ယာဉ်ကြောမှ ကွန်တိန်နာယာဉ်၏ ဦးခေါင်းပိုင်းလက်ဝဲဘက်ခြမ်းကို ဝင်ရောက်တိုက်မိရာ ယာဉ်တိုက်မှုကြောင့် ပရိုေ ဘာက်အငှားယာဉ် မောင်းပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်းက နယ်မြေ(၆)ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ဆက်သွယ်၍ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment