Latest News

Monday, May 28, 2018

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ရေး သမ္မတထရန့် ပြန်လည်သုံးသပ်

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ရေး သမ္မတထရန့် ပြန်လည်သုံးသပ်

ဝါရှင်တန်   မေ   ၂၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပနိုင်ရေးအတွက် ပြန်လည်စဉ်းစားသုံးသပ်လျက်ရှိကြောင်း ယနေ့ပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးပွဲကျင်းပနိုင်ရေးအတွက် အကောင်းဘက်ကို ဦးတည်နေကြောင်း သမ္မတထရန့်က ဆိုသည်။ ထိပ်သီးအစည်းအဝေးပွဲတွင် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် စွန့်လွှတ်မည်ဆိုပါက ကိုရီးယား နှစ်နိုင်ငံအပါအဝင် ဂျပန်၊ တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအတွက် အကောင်းဆုံးသောအနာဂတ်ကို  ပိုင်ဆိုင်နိုင်ပြီ ဖြစ်ကြောင်း သမ္မတထရန့်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံ   ထိပ်သီးအစည်းအဝေးပွဲဆိုင်ရာကိစ္စရပ်များ   ကြိုတင်ပြင်ဆင်နိုင်ရေးအတွက်   စင်ကာပူနိုင်ငံသို့ အမေရိကန်အထူးအဖွဲ့ကို သမ္မတထရန့်က  စေလွှတ်မည်ဖြစ်ကြောင်း  အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ  ဆာရာ ဆန်ဒါးစ်က ဆိုသည်။

အဆိုပါအဖွဲ့တွင် အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ  ၃ဝ  ပါဝင်ပြီး မေ  ၂၇ ရက်တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း မီဒီယာအချို့က သတင်းရေးသားသည်။

အကယ်၍ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို ကျင်းပနိုင်ခဲ့မည်ဆိုပါက ဇွန် ၁၂ ရက်တွင်  ကျင်းပရန် မဖြစ်နိုင်ကြောင်းနှင့် ကြိုတင်ပြင်ဆင်ရန် အချိန်လုံလောက်မှုမရှိကြောင်း အိမ်ဖြူတော်အဆင့်မြင့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို သည်နယူးယောက်တိုင်းမ် သတင်းစာက ကိုးကားဖော်ပြသည်။

Mirror

No comments:

Post a Comment