Latest News

Sunday, May 13, 2018

သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာ

သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာ



၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအ္တရာယ်ကင်း ရှင်းသောအလှကုန်ပစ္စည်းများကိုအများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက် ရှိပါသည်။

၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့်  အလှကုန်ပစ္စည်းများကိုစစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း(၂)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင် ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအ္တရာယ်ဖြစ်စေနိုင်သောတားမြစ်ဓာတုပစ္စည်း(မာကျူရီ)ပါဝင်နေကြောင်းစစ်ဆေး တွေ့ရှိရသဖြင့် အများပြည်သူလူထုသုံးစွဲရန်မသင့်တော်ပါကြောင်းအသိပေးနှိုးဆော်အပ်ပါသည်။

၃။  တားမြစ်ဓါတုပစ္စည်း(မာကျူရီ)သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြား မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ြ<ွကက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျ ရောဂါများအပြင် ရေရှည်သုံးစွဲပါကကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။

၎။  အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသောအများပြည်သူသုံးစွဲရန် မသင့်ကြောင်းကြေညာထားသည့် အလှကုန် ပစ္စည်းများတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(နအ့ငခ) အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။  
                                                     
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

No comments:

Post a Comment