Latest News

Sunday, May 13, 2018

ဇမ္ဗူသီရိမြို့နယ်အတွင်း ကလေးငယ်တစ်ဦးအား လိင်တူချင်း အဓမ္မပြုကျင့်မှုဖြစ်ပွား

ဇမ္ဗူသီရိမြို့နယ်အတွင်း ကလေးငယ်တစ်ဦးအား လိင်တူချင်း အဓမ္မပြုကျင့်မှုဖြစ်ပွား


နေပြည်တော် မေ  ၁၃

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥာဏသိဒ္ဓိရပ်ကွက်အတွင်း (၉)နှစ်သား ကလေးငယ်တစ်ဦးအား အသက် (၆ဝ)အရွယ် အမျိုးသားကြီးတစ်ဦးက ဓမ္မတာနှင့်ဆန့်ကျင်သည့် အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်မှာ ဇမ္ဗူသီရိမြို့နယ်၊ ဥာဏသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၃၃၅၂) နေထိုင်သူ ဒေါ်မီမီမာသင်း (၃၈)နှစ်သည် မေ (၁၁)ရက် ည  (၈းဝဝ)နာရီအချိန်ခန့်က မိမိတာဝန်ထမ်းဆောင်သည့် ပြည်ထဲရေးဝန်ကြီးဌာန ရုံးမှ အိမ်သို့ ပြန်ရောက်စဉ် မိခင်ဖြစ်သူ ဒေါ်တင်မြင့်မှ ၄င်း၏သားဖြစ်သူ မောင်လမင်းမောင် တတိယတန်းတွင် ပညာသင်ကြားနေသူသည် မေ (၁ဝ)ရက် နံနက် (၁ဝးဝဝ) နာရီကျော်ခန့်က တစ်တိုက်တည်းနေ ကိုကျော်နိုင်ဦး၏ အခန်းသို့ သွားရောက်ကာ ကိုကျော်နိုင်ဦး၏သားဖြစ်သူ မောင်စွမ်းထက်နိုင် (ခေါ်) မောင်ရှည်နှင့်အတူ ဆော့ကစားနေခဲ့စဉ် ကိုကျော်နိုင်ဦး၏ ယောက္ခမ ဖြစ်သူ ဦးသာညို (၆ဝ)နှစ်မှ မောင်လမင်းမောင်အား ဓမ္မတာနှင့်ဆန့်ကျင်၍ (၆)ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး၊ မေ (၁၁)ရက် နံနက်ပိုင်းကလည်း (၄)ကြိမ်ထမ်မံ၍ အဓမ္မပြုကျင့်ခဲ့ကြောင်းကို ငိုယို၍ ပြောပြခဲ့သည်။  ထို့နောက် မိခင်ဖြစ်သူ ဒေါ်မီမီမာသင်းက သားဖြစ်သူ မောင်လမင်းမောင်အား သေချာအောင်ထပ်မံ မေးမြန်းကြည့်ရာ အဖွားတော်စပ်သူ  ပြောပြသည့် ဖြစ်စဉ်အတိုင်း ဟုတ်မှန်ကြောင်း သားဖြစ်သူက  ပြောပြသိရှိရသဖြင့် ဓမ္မတာနှင့်ဆန့်ကျင်၍ အဓမ္မပြုကျင့်ခဲ့သူ ဦးသာညိုအား ဥပဒေအရ အရေးယူပေးပါရန် မိခင်ဖြစ်သူက လာရောက်တိုင်ကြားခဲ့သောကြောင့် အမှတ် (၇)နယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်းသိရသည်။

ကိုပေါက်(ဥက္ကာမြေ)

No comments:

Post a Comment