ကနီမြို့ နယ် စိမ်းပြာရေညှိထွက်ရှိသည့် တွင်းမသို့  ရှားပါးမျိုးငှက်မျိုးစိတ်ဖြစ်သည့် ဒေါင်းလန်းခြေထောက်ငှက် အများအပြား
နှစ်စဉ် လာရောက် ကျက်စားလျက်ရှိ
ကနီမေ ၂
စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင် ကနီမြို့ နယ် ပက်ကြားဝ ကျေးရွာတွင်တည်ရှိသောစိမ်းပြာရေညှိ(စပီရူလိုင်းနား)
ထွက်ရှိသည့် တွင်းမသို့  ရှားပါးငှက်မျိုးစိတ်ဖြစ်သည့် ဒေါင်းလန်းခြေထောက်ငှက် အများအပြား နှစ်စဉ်လာရောက်ကျက်စားလျက်
ရှိကြောင်းသိရသည်။
ဒီငှက်တွေကိုဒေါင်းလန်ခြေထောက်ငှက်လို့လည်းမသိပါဘူး။ ဟိုတစ်နေ့ကသတင်းစာထဲမှ ဖတ်ကြည့်မိမှ ဒီငှက်တွေက
ရှားပါးငှက်မျိုးစိတ်ဖြစ်တဲ့ ဒေါင်းလန်းခြေထောက်ငှက်တွေ မှန်းသိရတာ။ ဒီဒေါင်းလန်းခြေထောက်ငှက်တွေ တွင်းမဘက်ကိုလာ
ရောက်ကျက်စားနေတာလေးငါးခြောက်နှစ်မကတော့ပါဘူး။တော်တော်ကြာပါပြီ။ တွင်းမကိုလာရောက်လည်ပတ်သူတွေလည်း
နည်းသေးတော့ ဒီငှက်တွေ ဒီမှာလာရောက်ကျက်စားတတ်မှန်းလူသိနည်းတာထင်တယ်။ ဆောင်းတွင်းကာလအတွင်းဖြစ်တဲ့
နိုဝင်ဘာလဆို ဒေါင်းလန်းခြေထောက်ငှက်တွေ ရာနဲ့ချီပြီးလာရောက်ကျက်စားတယ်။ ဒီတွင်းမမှာလာရောက်ကျက်စားတာကြာ
လို့ နဲ့ တူတယ် အချို့ ဒေါင်းလန်းခြေထောက်တွေကဆောင်းကုန်တဲ့အထိကျန်နေသေးတယ်။ဆောင်းတွင်းဆိုရင်တော့ ဒေါင်းလန်း
ခြေထောက်ငှက်တွေအပြင်အမျိုးအမည် မသိတဲ့ ငှက်အမျိုးအစားတွေ တော်တော်များများလာကြတယ် ဟုတွင်းမအပန်းဖြေ
စခန်းတွင် ဈေးဆိုင်ခန်းဖွင့်လှစ်ရောင်းချသည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ဒေါင်းလန်းခြေထောက် ငှက်မျိုးစိတ် (White - Headed Stilt) ၏ သိပ္ပံအမည်မှာ(HimantopusLeucocephalus)ဖြစ်ပြီး
မြန်မာနိုင်ငံတွင် အင်းလေးကန်၊ မိုးယွန်းကြီးအင်း နှင့် တောင်သမန်အင်းတို့တွင် အဆိုပါငှက်မျိုးစိတ်ကိုသားငှက်ထိန်းသိမ်းရေး
အဖွဲ့ WCS (Wildlife Conservation Society)က ဆောင်းခိုရှားပါးငှက်မျိုးစိတ်သစ်အဖြစ်၂၀၁၇ ခုနှစ်နှင့် ယခုနှစ်တွင်တွေ့ရှိထားကြောင်းသိရသည်။
ချမ်းသာ ( မိတ္ထီလာ)
Wednesday, May 2, 2018
ကနီမြို့ နယ် စိမ်းပြာရေညှိထွက်ရှိသည့် တွင်းမသို့  ရှားပါးမျိုးငှက်မျိုးစိတ်ဖြစ်သည့် ဒေါင်းလန်းခြေထောက်ငှက် အများအပြား နှစ်စဉ် လာရောက် ကျက်စားလျက်ရှိ
ကနီမြို့ နယ် စိမ်းပြာရေညှိထွက်ရှိသည့် တွင်းမသို့  ရှားပါးမျိုးငှက်မျိုးစိတ်ဖြစ်သည့် ဒေါင်းလန်းခြေထောက်ငှက် အများအပြား နှစ်စဉ် လာရောက် ကျက်စားလျက်ရှိ
Reviewed by Ar Ti
on
8:05 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment