Latest News

Wednesday, May 2, 2018

တိုက်​ကြီးမြို့​ပေါ်တွင်​ ညဘက်​ မကြာခဏလုယက်​မှုဖြစ်​ပွား

တိုက်​ကြီးမြို့​ပေါ်တွင်​ ညဘက်​ မကြာခဏလုယက်​မှုဖြစ်​ပွား

တိုက်​ကြီး       ​မေ ၂

တိုက်​ကြီးမြို့​ပေါ်တွင်​ ညဘက်​စက်​ဘီးစီးသွား​နေ​သော အ
မျိုးသမီးများ၏ လက်​ကိုင်​အိတ်​၊ တယ်​လီဖုန်းများကို ဆိုင်ကယ်
စီးအမျိုးသားနှစ်​ဦးက ​မေလ ည ၈း၃၀နာရီကလုယက်​မှု
ဖြစ်​ပွား​ကြောင်း ရှမ်းစုရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူးက​ပြောပြ
သည်​။

ဖြစ်​စဉ်မှာ ရှမ်းစုရပ်​ကွက်​ ရှမ်းဘက်​ ၁ လမ်းတွင်​ ​မေလ ၁
ရက်​​နေ့ ည ၈း၃၀ နာရီက ၎င်းလမ်းတွင်​​နေထိုင်​သူ ​ကျောင်းဆရာမ ​ဒေါ်​မေမာချိုသည်​ စက်​ဘီးဖြင့်​ မြို့ထဲမှပြန်​လာ
စဉ်​ မိမိအိမ်​​ရှေ့အ​ရောက်​တွင်​ ဆိုင်​ကယ်​တစ်​စီးဖြင့်​လူငယ်
နှစ်​ဦးမှ စက်​ဘီး​ရှေ့မှ ပိုက်​ဆံအိတ်​အား လုယက်​စဉ်​ ​ဒေါ်​​မေမာချိုမှ​အော်​ဟစ်​အကူအညီ​တောင်းသည့်​ အတွက်​ သူမ၏
အကိုနှင့်​အမအပါအဝင်​ လမ်းသူလမ်းသားများထွက်​လာ
ပြီး ဝိုင်း​ဖမ်းဆီးရာ အကိုဖြစ်​သူကလုယက်​သူ လူငယ်​ကိုဖက်
ထားရာ ဆိုင်​ကယ်​လဲကျပြီး ဆိုင်​ကယ်​နှင့်​ဖိနပ်​ကျန်​ခဲ့ပြီး
ထွ​က်​​ပြေးသွားပါသည်​။ ပိုက်​ဆံအိပ်​ပါမသွားခဲ့ပါ။
" လူငယ်​နှစ်​ဦးက လုတဲ့အိမ်​နဲ့ မျက်​နှာချင်းဆိုင်​အိမ်​​ရှေ့
လမ်းဘက်​ ခုံတန်းမှာထိုင်​​နေတာ ဆရာမလဲ အိမ်​​ရှေ့တံခါး
ရောက်​​တော့ဆိုင်​ကယ်​စီးလာပြီး ပိုက်​ဆံအိတ်​လုတာပါ ဆ
ရာမက ပိုက်​ဆံအိတ်​လုလို့ ​အော်​ဟစ်​အကူအညီ​​တောင်း
တာ လမ်းသူလမ်းသား​တွေက ထွက်​ဖမ်းတာ အမျိုးသမီး​တွေဆို​တော့ ဖမ်းဖို့အခက်​အခဲရှိတာ​ပေါ့၊ အခုလိုလုတာဟ မကြာခဏဖြစ်​ပါတယ်​၊
တယ်လီ​ဖုန်း၊ပိုက်​ဆံအိတ်​ကို ဆိုင်​ကယ်​​ကျော်​တက်​ပြီးလုယူတာပါ"လို့ ရပ်​ကွက်​သားတစ်​ဦးက​ပြောပါသည်​။

"အုပ်​ချုပ်​​ရေးအဖွဲ့​တွေ ရဲတပ်​ဖွဲ့ဝင်​​တွေ ကင်းပုန်းဝပ်​တယ်​၊ခက်​တာကဒီဘက်​ဝပ်​ရင်​ ဟိုဘက်​လမ်း လူပြတ်​တဲ့​နေရာလုတယ်​၊ ကြို့ကြား ကြို့ကြား ဆိုင်​ကယ်​နဲ့လုတာက​တော့ ရှိခဲ့ပါတယ်​၊စက်​ဘီးစီးတဲ့သူ​တွေကလဲ  လက်​ကိုင်​အိတ်​ကို လွယ်​လွယ်​ မကိုင်​ဘဲနဲ့ သတိထားဖို့လိုပါတယ်​၊ခဏခဏဆို​တော့ သတိထားကြဖို့လိုပါလိမ့်​မယ်​"  ဟုရှမ်းစုရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး ဦးစိုးမြင့်​က​ပြောပါသည်​။

ကျန်​ခဲ့​သော ဆိုင်​ကယ်​နှင့်​ ဖိနပ်​ကို အုပ်​ချုပ်​​ရေးမှူးထံအပ်
ပြီးလုယက်​သူ​ဖော်​ထုတ်​နိုင်​​ရေး ရဲတပ်​ဖွဲ့နှင့်​ပူး​ပေါင်း​ဖော်​ထုတ်​မည်​ဖြစ်​​ကြောင်း သတင်းရရှိပါသည်​။
                                         
ထွန်းလှိုင်​(မြိုင်​)

No comments:

Post a Comment