Latest News

Monday, May 7, 2018

မုံရွာမြို့၌ ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်ရန် ဆိုင်ကယ်စုပေါင်းစီးနင်း လှုပ်ရှားမှုပြုလုပ်

မုံရွာမြို့၌ ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်ရန် ဆိုင်ကယ်စုပေါင်းစီးနင်း လှုပ်ရှားမှုပြုလုပ်

မုံရွာ မေ ၆

မော်တော်ဆိုင်ကယ်စီးနင်းစဉ် ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရေးအတွက်  မော်တော်ဆိုင် ကယ် စုပေါင်းစီးနင်းသည့်လှုပ်ရှားမှုကို မုံရွာမြို့ ဗိုလ်ချုပ် လမ်းမပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မေ ၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်စုပေါင်းစီးနင်းသည့် လှုပ်ရှားမှုတွင် ပါဝင် သူ  ရန်ကုန်နာရေးကူညီမှုအသင်းမှ     ဦးကျော်သူက ''ဆိုင်ကယ်ကြောင့် သေဆုံးမှုမှာ အဓိကအချက်က ဆိုင် ကယ်စီးဦးထုပ်မဆောင်းတဲ့အတွက် အသက်ဆုံးရှုံးမှု တွေ ဖြစ်ရတာပါ၊ ယာဉ်အ္တရာယ်ကြောင့် လူသားအရင်း အမြစ်ဆုံးရှုံးမှုတွေ အလွန်များနေပါတယ်၊ ယာဉ်တိုက်မှု ကြောင့် ဒဏ်ရာရ သေဆုံးမှုတွေ အများကြီးဖြစ်နေပါ တယ်၊ အဲဒီလို ယာဉ်တိုက်မှုတွေမှာ ဆိုင်ကယ်ကြောင့် သေဆုံးမှုဟာ ၄၈ ရာခိုင်နှုန်း၊ မော်တော်ယာဉ်ကြောင့် သေဆုံးမှုဟာ ၂၅ ရာခိုင်နှုန်း၊ အခြား ယာဉ်တိုက်မှု ကြောင့် ၂၆ ရာခိုင်နှုန်း ဖြစ်နေလို့ ဆိုင်ကယ်ကြောင့် သေဆုံးမှုက များနေတာ တွေ့ရပါတယ်၊  ဒါကြောင့် အရည်အသွေးကောင်းတဲ့ ဦးထုပ်များကို ဆောင်းပါ၊ မေးသိုင်းကြိုးတပ်ရန်  မမေ့ပါနဲ့၊   လေဒဏ်ခံနိုင်ရန် နေကာမျက်မှန်တပ်ဆင်ပါ၊ နှစ်ဦးထက်ပိုပြီး မစီးပါနဲ့၊ ဆိုင်ကယ် နောက်ကြည့်မှန်၊ အချက်ပြမီး၊ ရှေ့နောက်မီး အားလုံး ပြည့်စုံကောင်းမွန်ပါစေ၊ ကုန်ပစ္စည်းတင်ပါက ဝန်နှင့်အား မျှပါစေ၊ ဆိုင်ကယ်စီးနင်းစဉ် လက်ကိုင်ဖုန်း မသုံးပါနဲ့၊  လမ်းကြောသိအောင်  ကြိုးစားပါ၊  ယာဉ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင် မမေ့ပါနဲ့ အဓိက အချက် ကတော့ သောက်စားမူးယစ်ပြီးတော့ ဆိုင်ကယ်စီးနင်း ခြင်းကို လုံးဝမပြုလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်၊ ယာဉ် အန္တရာယ်တွေကင်းဝေးကြပါစေ''ဟု ပြောသည်။
အဆိုပါ ဆိုင်ကယ်စုပေါင်းစီးနင်းသည့် လှုပ်ရှားမှု တွင်  မန္တလေးမြို့  ဆိုင်ကယ်ချစ်သူများအဖွဲ့၊ မုံရွာမြို့ ဆိုင်ကယ်ချစ်သူများအဖွဲ့နှင့် တက်တူးချစ်သူများအဖွဲ့၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ ဦးကျော်သူနှင့်အဖွဲ့၊ မုံရွာမြို့ရှိ လူမှုကူညီရေးအသင်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း အင်အား ၂ဝဝ ကျော် ပါဝင်ခဲ့ပြီး မုံရွာမြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီးမှ သာစည်လမ်းအတိုင်း၊ ထို့နောက် ပေ ၈ဝ လမ်းမှ တစ် ဆင့် ကျောက်ကာလမ်းမကြီး၊ ထိုမှတစ်ဆင့် ပြည်ထောင်စု လမ်းမကြီးအတိုင်း မြောက်ဘက်ရှိ ဘိုးဘွားရိပ်သာ လမ်းဆုံ၊ ထို့နောက် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ကန် သာယာအထိ စီးနင်းခဲ့ကြကာ  ခရီးစဉ်တစ်လျှောက်ရှိ လူစည်ကားရာနေရာများဖြစ်သော သာစည်ဈေးနှင့် သံလမ်းဈေး နေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။    
                               
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment