လမ်းဘေးစားသောက်ဆိုင်ရောင်းချသူများ၏ အပြုအမူနှင့် သန့်ရှင်းမှုကိုထိန်းသိမ်းရန် အချိန်နှင့်အမျှ ထိန်းကျောင်းပေးလျက်ရှိ
ရန်ကုန် မေ ၆
လမ်းဘေးစားသောက်ဆိုင်များကို စစ်ဆေးရာတွင် ရောင်းချ သူများ၏အပြုအမူနှင့် သန့်ရှင်းမှုထိန်းသိမ်းရန်အတွက် အားနည်း ခြင်းအခက်အခဲများကို ရသလောက်အချိန်နှင့်အမျှ ထိန်း ကျောင်းပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြားသည်။
ကျန်းမာရေးသတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိ
မေ ၄ ရက်က ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ နေ့စဉ်အစား အသောက်များ ရောင်းချရာတွင် ကျန်းမာရေးသတ်မှတ်ချက် များနှင့်ကိုက်ညီမှုမရှိဘဲ ရောင်းချနေသည့်ဆိုင်များကို ကြပ်မတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အစီ အစဉ်နှင့် ပတ်သက်၍ သိရှိလိုကြောင်း မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
သတ်မှတ်ချက်များနှင့်ကိုက်ညီရန် အရေးကြီး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင် က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ခွင့်ပြုချက် လိုင်စင်များဖြင့် ရောင်းချနေသော စားသောက်ဆိုင်များတွင် အစားအသောက်များကို ပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ အထူးသဖြင့် နေ့စဉ်ချက်ပြုတ်ကြော်လှော် ရောင်းချရာတွင် ယင်းနှင့်ဆက်စပ်နေသော လုပ်ငန်းများသည် ကျန်းမာရေး သတ်မှတ်ချက်များနှင့် ကိုက်ညီရန်အရေးကြီးပါကြောင်း၊ အများ ပြည်သူကျန်းမာရေးနှင့် သင့်လျော်မှုမရှိသော အနံ့ဆိုးများ ထွက်ရှိခြင်း၊ သန့်ရှင်းသပ်ရပ်မှုလည်း အလွန်အားနည်းခြင်းတို့ဖြင့် လုပ်ကိုင်ရောင်းချနေမှုများ ရှိသည်ကိုလည်း တွေ့ရှိနေရကြောင်း၊ ထို့ကြောင့် အစားအသောက်များ ရောင်းချသည့်ဆိုင်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ချက် များနှင့်သော်လည်းကောင်း၊ အခြားသတ်မှတ်ချက်များနှင့် သော်လည်းကောင်း ညီညွတ်ရန် သက်ဆိုင်ရာဌာနများမှ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်းနှင့် ညီညွတ် မှုမရှိပါက မည်ကဲ့သို့ ပညာပေးအရေးယူမှုများ ပြုလုပ်ဆောင်ရွက် နေသည်ကိုလည်း သိရှိလိုပါသဖြင့် ယခုကဲ့သို့ မေးမြန်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ရန်ကုန်မြို့တော်တွင် ရောင်းချ လျက်ရှိသော စားသောက်ဆိုင်များ၌ ကျန်းမာရေးနှင့် ညီညွှတ် မှုရှိစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ မြို့နယ်ကျန်းမာရေးအရာရှိ၊ မြို့နယ်ကျန်းမာ ရေးအဖွဲ့များက သက်ဆိုင်ရာ မြို့နယ်များတွင် ဖွင့်လှစ်ရောင်းချ နေသော စားသောက်ဆိုင်များမှ မီးဖိုချောင်သန့်ရှင်းမှု၊ အစား အသောက် ကိုင်တွယ်ပြုပြင်ချက်ပြုတ်ရာတွင် စနစ်တကျသုံးစွဲမှု၊ သုံးစွဲသောစားသောက်ကုန်ပစ္စည်းများ၏ လတ်ဆတ်မှု၊FDA ထောက်ခံချက်ပါဝင်သော ကုန်ကြမ်းပစ္စည်းများကိုသာ သုံးစွဲရန်၊ သုံးစွဲသော ပန်းကန်ခွက်ယောက်များ သန့်ရှင်းရန်နှင့် အစား အသောက်များထားသိုထိန်းသိမ်းမှု အစရှိသည်တို့ကိုလည်း စစ်ဆေးပုံစံဖြင့် စစ်ဆေးပြီး အစားအသောက် ကိုင်တွယ်ပြုပြင် သော ဝန်ထမ်းများကိုလည်း ကျန်းမာရေးစစ်ဆေးပေးလျက် ရှိပါကြောင်း၊ အစာအဆိပ်သင့်သည့် ရောဂါပိုးရှိ၊ မရှိ စစ်ဆေး မှုများလည်းရှိပါကြောင်း၊ အစားအသောက် နမူနာ၊ ရေနမူနာ များကိုလည်းယူပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနဓာတ်ခွဲခန်းသို့ပို့ပြီး ပုံမှန်အလှည့်ကျ စစ်ဆေး ဆောင်ရွက်နေကြောင်း၊ ဌာနအနေဖြင့် စားသောက်ဆိုင်များ တွင် သန့်ရှင်းမှု ရှိ မရှိကိုလည်း မြို့နယ်များတွင် အခါအားလျော် စွာ ကွင်းဆေးစစ်ဆေးခြင်း၊ ပွဲတော်အခမ်းအနားများ၌ ကျွေးမွေး မည့် အစားအသောက်များကို စစ်ဆေးခြင်းနှင့် နှုတ်ဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ လူမှုကွန်ရက်မှ ဖြစ်စေ တိုင်ကြားသည့် အခါ နှီးနွှယ်သည့် ဌာနများဖြစ်သော FDA ၊ DOCA၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
''သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ရောင်းချတဲ့ စားသောက်ဆိုင်တွေဖြစ်ဖို့လည်း စားသောက်ဆိုင် တွေက တာဝန်ခံတွေကို အလှည့်ကျခေါ်ပြီးတော့ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ဖို့နဲ့ သင့်တော်တဲ့ အစားအသောက် တွေရရှိဖို့အတွက် ကျန်းမာရေးဌာနမှာ တစ်နှစ်ကို နှစ်ကြိမ် သင်တန်းပေးပါတယ်၊ အဲဒီမှာ အစားအသောက် ကိုင်တွယ်ပြုပြင် ချက်ပြုတ်ဖို့၊ ပြင်ဆင်ပြီး အစားအသောက် စနစ်တကျ သိမ်းဆည်းဖို့၊ စနစ်တကျရှိဖို့၊ ကျန်းမာရေးပညာပေးသင်တန်း တွေ ဆောင်ရွက်ပြီးတော့ စားသောက်ကုန် အရည်အသွေး ကောင်းမွန်တိုးတက်လာဖို့ စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက် နေပါတယ်၊ နောက်ပြီး မြန်မာနိုင်ငံ စားသောက်ဆိုင်များအသင်းနဲ့ ပူးပေါင်းပြီးတော့ ကျန်းမာရေး ပညာပေးတာတွေ၊ အခြေခံ ကျောင်းတွေမှာ ကျောင်းတွင်းစားသောက်ဆိုင်တွေ၊ ကျန်းမာ ရေးနဲ့ ညီညွတ်စွာရောင်းချမှု ရှိ၊ မရှိကိုလည်း စစ်ဆေးပါတယ်၊ ကျန်းမာရေးအသိပညာပေးမှုတွေ၊ စည်ပင်ဈေး ကိုယ်ပိုင်ဈေး တွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေမှာလည်း သန့်ရှင်း လတ်ဆတ်မှု ရှိ မရှိ၊ ခွင့်မပြုထားတဲ့ ဆိုးဆေးတွေ၊ တာရှည်ခံဆေးတွေ၊ FDAက အသိအမှတ်မပြုတဲ့ဆီတွေ၊ သောက်ရေ သန့်နဲ့ အချိုရည် သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးတာတွေ၊ FDA၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ စားသုံးသူအငြင်း ပွားမှုဖြေရှင်းရေးအဖွဲ့တို့နဲ့လည်း ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်၊ စီမံရေးရာဌာနက စားသောက်ကုန်ထုတ် လုပ်ရေးလုပ်ငန်းတွေကိုလည်း FDAထောက်ခံချက်ရမှပဲ ကျွန်တော်တို့ ခွင့်ပြုပေးပါတယ်၊ နောက် လမ်းဘေးစားသောက် ဆိုင်တွေကို စစ်ဆေးတဲ့ နေရာမှာ ရောင်းချသူတွေရဲ့ အပြုအမူနဲ့ သန့်ရှင်းမှုထိန်းသိမ်းဖို့အတွက် အားနည်းခြင်းတို့ရဲ့ အခက်အခဲ တွေတော့ ရှိပါတယ်၊ ဒါပေမယ့် ရသလောက် အချိန်နဲ့အမျှ ထိန်းကျောင်းပေးနေပါတယ်။
စားသောက်ဆိုင်ပေါင်း ၈ဝဝဝ ကျော်ကို စစ်ဆေးခဲ့
''ယခု ဘဏ္ဍာနှစ်အတွင်းမှာ စားသောက်ဆိုင်အရေအတွက် ၈ဝဝဝ ကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်၊ ပြုပြင်ဆောင်ရွက်ဖို့ အချက်အလက်တွေ ဆိုင်တာဝန်ခံကို လက်မှတ်ရေးထိုး အသိပေးပြီး ပြင်ဆင်ဖို့ ချွတ်ယွင်းချက် အနည်းအများပေါ် မူတည်ပြီးတော့ ခွင့်ပြုချိန် တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်အကြာမှာ ကျွန်တော်တို့ ပြန်လည်စစ်ဆေးပါတယ်၊ တတိယအကြိမ် လိုက်နာမှုမရှိတဲ့ဆိုင်တွေကိုတော့ ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၅၃ အရ ဒဏ်ကြေးရိုက်တာတွေ၊ လုပ်ငန်းလိုင်စင် မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်တွေကို ကာလအကန့်အသတ်မရှိ ရုပ်သိမ်းတာတွေ၊ ပယ်ဖျက်တာတွေကို စီမံရေးရာဌာနနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်''ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။ ထင်ပေါ်ဝင်း(ကမာရွတ်)
Sunday, May 6, 2018
လမ်းဘေးစားသောက်ဆိုင်ရောင်းချသူများ၏ အပြုအမူနှင့် သန့်ရှင်းမှုကိုထိန်းသိမ်းရန် အချိန်နှင့်အမျှ ထိန်းကျောင်းပေးလျက်ရှိ
လမ်းဘေးစားသောက်ဆိုင်ရောင်းချသူများ၏ အပြုအမူနှင့် သန့်ရှင်းမှုကိုထိန်းသိမ်းရန် အချိန်နှင့်အမျှ ထိန်းကျောင်းပေးလျက်ရှိ
Reviewed by Ar Ti
on
7:20 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment