Latest News

Monday, May 7, 2018

အဘွားတစ်ယောက်၏ မေတ္တာကို အချစ်၊ ဟာသ၊ အလွမ်းများဖြင့် ကြည့်ရှုခံစားရမည့် သားပိုက်ကောင်

အဘွားတစ်ယောက်၏ မေတ္တာကို အချစ်၊ ဟာသ၊ အလွမ်းများဖြင့်
ကြည့်ရှုခံစားရမည့်   သားပိုက်ကောင်

ရန်ကုန် မေ ၆

အဘွားတစ်ယောက်၏ မေတ္တာကို အချစ်၊ ဟာသ၊ အလွမ်း
များဖြင့်  ကြည့်ရှုခံစားရမည့်  သားပိုက်ကောင်    ရုပ်ရှင် ဇာတ်ကားကြီးကို  လာမည့်  ဇွန်  ၆ ရက်တွင် မြန်မာနိုင်ငံ
တစ်ဝန်းရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသသွားမည်ဟု အားမာန်
ရုပ်ရှင်ထုတ်လုပ်ရေးမှ သိရသည်။

ယင်းရုပ်ရှင်ဇာတ်ကားသည် ပညာပေးနှင့် ချစ်ခြင်းမေတ္တာ
ဘွဲ့အချစ်၊ ဟာသ၊ အလွမ်း ဇာတ်လမ်းအမျိုးအစားဖြစ်သည်။ ရိုးသားသော တောင်သူ အမျိုးသမီးကြီးတစ်ယောက် မြေး
ရှိရာမြို့ကို ရောက်လာချိန် မတူညီသည့် လူနေမှုစရိုက်
လက္ခဏာများကြားက အလွဲများကို ဟာသဇာတ်ဝင်ခန်းများ ဖြင့် သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားသည်။ ယင်းပြင် ချစ်သူနှစ်ဦး၏ ကြည်နူးဖွယ်ရာ ဇာတ်ဝင်ခန်းများ ပါဝင်ပြီး ၅၂၈ မေတ္တာနှင့် ၁၅ဝဝ မေတ္တာကြားက အားပြိုင်မှုများကို အဓိကထားတင်ပြထားခြင်း ဖြစ်သည်။

''အဘွားဆိုတာ သားပိုက်ကောင်လို မြေးတွေ၊ မြစ်တွေကို
အမြဲတမ်းရင်ဝယ်ပိုက်ထားချင်တာ။ အသက် ၄ဝ ကျော်နေပါ
စေ အိမ်ပြန်လာရင် အဘွားဆိုပြီး ရင်ခွင်ထဲ ခေါင်းတိုးဝှေ့တာ ကို လိုချင်ကြတာ။ အသက်ကြီးလာတာနဲ့အမျှ ကလေး တစ်ယောက်လို သူတို့ကိုပြန်ပြီး ဂရုစိုက်တာကိုလည်း လိုချင်
ကြတာ။ အခုနောက်ပိုင်းတော့ အဲဒီဓလေ့လေးတွေဟာ တစ်စတစ်စနဲ့ ပျောက်ကွယ်လာနေပြီ။ ဒါလေးကို မပျောက်
သွားအောင်၊ အိမ်မှာရှိနေတဲ့ အဘိုး၊ အဘွားကို ပစ်ပယ်မထား ကြဘဲနဲ့  ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ ဂရုစိုက်ကြရအောင် ဆိုတဲ့ စိတ်နဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာပါ'' ဟု ဒါရိုက်တာ
စတီးလ်က ပြောသည်။

သားပိုက်ကောင် ရုပ်ရှင်ဇာတ်ကားကြီးသည် ဈာန်သခင်
သွေး၏ ဝတ္ထုကို နေစိုးသော်က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ
စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ယင်းဇာတ်
ကားကြီးသည်  အားမာန်ထုတ်လုပ်ရေး၏ ပွဲဦးထွက် ရုပ်ရှင်
ဇာတ်ကားလည်းဖြစ်သည်။

ဇာတ်ကားကြီးတွင် ဖိုးရွှေလမင်းအဖြစ် အကယ်ဒမီ ထွန်း
ထွန်း၊ ဒေါ်ရင်နှစ်အဖြစ် အကယ်ဒမီ စိုးမြတ်သူဇာ၊ မယ်ယဉ်
ကျေးအဖြစ် ရွှေသမီးတို့က အဓိကပါဝင် သရုပ်ဆောင်ထား သည်။  အကယ်ဒမီ မင်းဦး၊ နေဆန်း၊ ဒိန်းဒေါင်၊ သိန်းလင်းစိုး၊ စည်သူပလပ်ကျွတ်၊ မေပန်းချီ၊ ကြယ်ဖြူရှင်းသန့်၊ မေကဗျာဦး၊
ကျော်ဇင်ထွဋ်၊ ချစ်ကိုကို၊ ပြည့်ဖြိုး၊ ကောင်းဇံ၊ ထူးသာ၊
ဦးရွှေလဝင်း၊ အေးသီတာ၊ အေးအေးခိုင်၊ မေသော်ချစ်၊
ဒေါ်ခင်ခင်ကြီး၊ ဇာခြည်လွင်စသည့် အနုပညာရှင်များနှင့်
ကလေးသရုပ်ဆောင်များစွာကလည်း ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။

မေနှင်းဆီ(​ကြေးမှုံ)

No comments:

Post a Comment