Latest News

Monday, May 21, 2018

"ပြည်​သူ့ဘဝကိုတိုက်​ရိုက်​ထင်​ဟပ်​တဲ့ ဧရာဝတီတိုင်း​ရေချိုငါးဥပ​ဒေ"


အပိုင်း (၁)
ေ​ရလုပ်​သားများ
ရေလုပ်​သားအကျိုး​ဆောင်​လူမှု​ရေးအကူများ နဲ့ တာဝန်​သိပြည်​သူများကို ​ကျေးဇူးတင်​သည်​ ။
ကျ​နော်​တို့နားစွင့်​၊မျက်​​စေ့ဖွင့်​ပြီး
ညီညွတ်​စွာရပ်​တည်​နိုင်​ခြင်းရဲ့အကျိုး​ကျေးဇူးကို လက်​​တွေ့ခံစားရပြီ ။ ကိုင်း ဘယ်​သူ ဘာလုပ်​နိုင်​​သေးတုန်း
အ​ရေးကြီးဆုံးက ကျုပ်​တို့ရသင့်​ရထိုက်​တဲ့အခွင့်​အ​ရေး
ကို ကျုပ်​တို့သိ​နေဖို့နဲ့ ကျုပ်​တို့ရသင့်​တဲ့အခွင့်​အ​ရေးကို
ကျူး​ကျော်​​စော်​ကားတာကို ညီညီညွတ်​ညွတ်​စု​ပေါင်းတွန်းလှန်​ရဲဖို့လိုတာပါ ။
လယ်​ယာလုပ်​သား၊ဆင်းရဲသား​ရေလုပ်​သား​တွေနဲ့ ​ငွေ​ကြေးပြည့်​စုံသူအင်းသူကြီးခရိုနီများအကြား​ခေတ်​အဆက်​ဆက်​မတရားစီရင်​ဆုံးဖြတ်​ခံခဲ့ကြရသူ လုပ်​ကွက်​ငယ်​လယ်​သမားများနဲ့ အစုအဖွဲ့ဆင်းရဲသား​ရေလုပ်​သားများရဲ့အကျိုးကိုကာကွယ်​​ရေးဆွဲပြဌာန်းရန်​အစွမ်းကုန်​ကြိုးစားခဲ့တဲ့ ဧရာဝတီတိုင်း​ဒေသကြီး လယ်​ယာသားငါးဝန်​ကြီး အငြိမ်းစား စိုက်​ပျိုး​ရေးပညာရှင်​ ဆရာ
ကြီး ဦးဗဟိန်းတ​ယောက်​ ဝန်​ကြီးဘဝက လုပ်​ကြံဖြုတ်​ပြစ်​ခြင်းအမှုကို ပြည်​သူ့ပါတီ NLD ဗဟို​ကော်​မတီဝင်
အချို့နဲ့ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်​အချို့က ပြည်​သူကိုသစ္စာ​ဖောက်​ပြီး ယုတ်​မာစွာ ပြုကျင့်​ခဲ့ကြတယ်​။
ဆရာကြီးဦးဗဟိန်းဟာ အစိုးရဝန်​ထမ်းဘဝ ၊ပြည်​သူ့အစိုးရ ဝန်​ကြီးဘဝများမှာ အဂတိတရားအကင်း
ဆုံး၊ ရိုးသား​ဖြောင့်​မတ်​မှုအရှိဆုံး ပြည်​သူ့အကျိုး​ဆောင်
တ​ယောက်​ဖြစ်​ခဲ့တယ်​ ။လယ်​ယာနဲ့သားငါးလုပ်​ငန်းများအကြား​ခေတ်​အဆက်​ဆက်​ဖြစ်​ပွားလာခဲ့တဲ့ပဋိပက္ခများ​လျော့နည်း​စေ​ရေး၊ဆင်းရဲသားအစုအဖွဲ့​ရေလုပ်​သားများ
ဘဝဝမ်းစာဖူလုံ​စေ​ရေးနဲ့ အင်းခွန်​များစနစ်​ကျမှန်​ကန်​စွာ
တိုင်းပြည်​အတွက်​ရရှိ​စေ​ရေးများအတွက်​လူမှုတရားမျှတ​ရေးကိုအ​ခြေခံ​သော "​ရေချိုငါးဥပ​ဒေပြင်​ဆင်​​ရေး "ကို၎င်း၏လ​ပေါင်း ၂၀ ဝန်​ကြီးသက်​တမ်းအတွင်းအပြင်း
အထန်​ကြိုးပမ်းခဲ့သူတဥိးဖြစ်​ပါတယ်​။

သူ့ကြိုးပမ်းမှုများကို ငါးလုပ်​ငန်းဦးစီးဌာန၊ တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ဦးမန်း​ဂျော်​နီနဲ့ ခရိုနီဖက်​သားပြည်​သူ့
ကိုယ်​စားလှယ်​များသာမက ဥပ​ဒေကြမ်းများစီစစ်​​လေ့လာ​ရေး​ကော်​မတီလို ပြည်​သူ့အစိုးရရဲ့အာဏာရှင်​​ဒေါက်​တိုင်​အဖွဲ့ဝင်​များကပါ ဝိုင်းဝန်းဟန့်​တားယုံမက ​နောက်​ဆုံး ကျန်းမာ​ရေးအ​ကြောင်းပြနှုတ်​ထွက်​ရန်​ဖိအား​ပေးခြင်းအမှုကို ပြည်​သူ့ပါတီ CEC အချို့ကပူး​ပေါင်းလုပ်​​ဆောင်​ခြင်းဖြင့်​ ရာထူးမှထုတ်​ပါယ်​ခြင်းခံခဲ့ရသည်​။

ကျ​နော်​အတန်​တန်​​ပြောခဲ့ ၊ သတိ​ပေးခဲ့ဖူးသည်​။

ပါတီဥက္ကဌ ​ဒေါ်​အောင်​ဆန်းစုကြည်​ကိုယ်​တိုင်​ ထုတ်​ပါယ်​ခံရသူဝန်​ကြီးများ (ဦးဗဟိန်း နှင့်​ ​ဒေါက်​တာထွန်း
ဝင်း )အားတနာရီခန့်​ဖြစ်​​စေ​တွေ့ဆုံ​မေးမြန်းခြင်းဖြင့်​ ပါတီတွင်း အကျင့်​ပျက်​ချစားမှုများကိုသိ​အောင်​ပြုသင့်​ပါ​ကြောင်းအသိ​ပေး​ပြောကြားခဲ့သည်​။
ကျ​နော်​ မနှစ်​သက်​ဆုံး မှာ....
မိမိတို့ပါတီအတွင်းအကျင့်​ပျက်​ အာဏာအလွဲသုံးမှုများအတွက်​ ​တော်​လှန်​​ရေးကာလတ​လျှောက်​အနစ်​နာခံ
စွန့်​စားခဲ့မှုများကို​ထောက်​ထားလျက်​ တိတိကျကျ​ဖော်​ထုတ်​အ​ရေးယူခြင်းမပြုဘဲ မသိသလိုလို မဟုတ်​သလိုလို လုပ်​ရပ်​များဖြင့်​ အချင်းချင်း အကာအကွယ်​​ပေး လူလိမ်​မာလုပ်​ကြခြင်းအားဖြင့်​ပြည်​သူအ​ပေါ်သစ္စာ​ဖောက်​ကြခြင်းဖြစ်​သည်​ ။

။ဒေါ်​အောင်​ဆန်းစုကြည်​ကို အဲ့ဒီလို​ခေါင်း​ဆောင်​မျိုးဖြစ်​​အောင်​ ဝိုင်းဝန်းယုတ်​မာကြ​သော CEC လူကြီးများအားလုံး တစ်​ခုသတိထားရမည်​မှာ သမိုင်းတန်​ဖိုးဖြစ်​သည်​။ အလွန်​နှ​မျောတသ ​ကျေကွဲဝမ်းနည်းဖွယ်
ကောင်း​သည်​မှာ လူထု​ခေါင်း​ဆောင်​ နှင့်​ ပြည်​သူ့ပါတီ၏
သမိုင်းတန်​ဖိုးများကို nld လူကြီးများကိုယ်​တိုင်​ ဖျက်​ဆီး
ခဲ့ကြခြင်းပင်ဖြစ်​​​သည်​ ။
အပိုင်း ၂. ဆက်​ရန်​....
"ပြည်​သူ့ဘဝကိုတိုက်​ရိုက်​ထင်​ဟပ်​တဲ့ ဧရာဝတီတိုင်း​ရေချိုငါးဥပ​ဒေ"

ဆရာကြီး ဦးဗဟိန်းက ရာထူးအပြုတ်​ခံ၊​ရေးဆွဲပြီးအတည်​ပြုခွင့်​ရရန်​ကြိုးစားခဲ့​သော ယင်းဥပ​ဒေသည်​ ​ပေးကား​ပေး၏မရ ​သောပြည်​သူ့အကျိုး​ဖျက်​ဆီးခံရမှုတစ်​ခုဖြစ်​ခဲ့သည်​ ။ ဝန်​ကြီး ဦးဗဟိန်းရှိ​နေသ​ရွေ့ ငါးဦးစီး ဋ္ဌာန
နှင့်​ ခရိုနီအင်းသားကြီးတို့ ​ရေချိုငါးလုပ်​ငန်းဆိုင်​ရာ အင်းများကို ထင်​သလို ချယ်​လှယ်​ခွင့်​ရရှိမည်​မဟုတ်​​ကြောင်း
ကောင်းစွာသ​ဘော​ပေါက်​​သောအာဏာပိုင်​တို့၏ဖိအားများဖြင့်​ ဝန်​ကြီးအား ရာထူးမှထုတ်​ပါယ်​လိုက်​ခြင်းဖြင့်
ဆယ်​လ​ကျော်​​ကျော်​ တက်​ချည်​ဆင်းချည်​ ​ရေချိုငါးဥပ​ဒေသည်​လည်း တခန်းရပ်​ခဲ့ရသည်​ ။ဝန်​ကြီးချုပ်​ဦးမန်း​ဂျော်​နီသည်​လည်း သူ​တော်​စင်​တဦး အဖြစ်​ ပြည်​သူ့ပါတီက
ဂုဏ်​ပြုအနားယူခွင့်​ပြုခဲ့သည်​ဆိုဘဲ ။ ကိုယ့်​ကိုယ်​ကို
ဘာလုပ်​လို့လုပ်​မိမှန်းသိ​​အေါင်ပြန်​စဉ်းစားမိကြပါ ။
နိုင်​ငံ​ရေးပါတီဆိုတာ ဆွမ်း​လောင်းအသင်း ၊ လူမှု​စောင့်​​ရှောက်​​ရေးအဖွဲ့အစည်း ၊ သံဃာ့ဂိုဏ်းမဟုတ်​ပါ ။ပုထုဇဉ်​လူသား နိုင်​ငံ့အကျိုးလိုလားသူများစု​ပေါင်းထား
သောအဖွဲ့အစည်းဖြစ်​သလို၊အမှန်​​တွေလုပ်​သလို လုပ်​တိုင်းမမှန်​​သောအခါအမှား​တွေလည်းရှိရမည်​ ။ အမှန်​များကို ဖွံဖြိုး​စေပြီး အမှားများကို ​လျော့နည်းပ ​ပြောက်​​စေရန်​ ပါတီ​ခေါင်း​ဆောင်​များသာမက ပါတီဝင်​တိုင်းက
ဝိုင်းဝန်းကြိုးပမ်းကြရန်​သာဖြစ်​သည်​ ။
မိမိတို့ ပါတီဝင်​များ၏ မှားယွင်းမှု၊မသမာမှုများကို
ပြည်​သူမသိ​အောင်​ ကာကွယ်​ဖုံးအုပ်​ခြင်းဖြင့်​ အမှားကို ထိန်​ချန်​ကာကွယ်​ခြင်းသည်​ မဲဆန္ဒရှင်​ပြည်​သူများကို
စော်​ကား သစ္စာ ​ဖောက်​ခြင်းဖြစ်​သည်​ ။စစ်​အာဏာရှင်​တို့လက်​ထက်​ အကျင့်​ပျက်​ချစားမှုပြုသူမိမိတို့လူများအား ​နေရာ​ပြောင်း ကာဆက်​လက်​အကျင့်​ပျက်​​စေခြင်း
ထက်​ တဆင့်​သာနိမ့်​​သော ပြည်​သူ့အ​ပေါ် လိမ်​လည်​မှု
စစ်​စစ်​ဖြစ်​ပါသည်​။
ဝန်​ကြီးချုပ်​အသစ်​ ၊ လယ်​ယာသားငါးဝန်​ကြီးအသစ်​တို့ဖြင့်​​တေလာမိတ်​ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ကြီးက ဝန်​ကြီး​ဟောင်း ဦးဗဟိန်း ဆယ်​လ​ကျော်​ ကြိုးပမ်း၍
မ​အောင်​မြင်​ခဲ့​သော ယင်း" ​ရေချိုငါးလုပ်​ငန်းဥပ​ဒေ " အား ထမင်းတအိုးချက်​ခန့်​အချိန်​ယူ​ဆွေး​နွေး​စေပြီးသကာလ ​အောင်​မြင်​စွာအတည်​ပြု​ပေးခဲ့သည်​ ။လွယ်​လွန်းလှပါတကား ။
အခန်း​ပေါင်း ၁၅. ခု၊ နှင့်​ ဥပ​ဒေ
ပေါင်း ၇၉. ခုပါဝင်​​သော ​ရေချိုငါးလုပ်​ငန်းဥပ​ဒေသစ်​ကို
တိုင်း​ဒေသကြီးအစိုးရအဖွဲ့အလိုကျ ဖြတ်​​တောက်​ပြုပြင်​ပြီး အခန်း(၈)ရပ်​ရွာအ​ခြေပြု ငါးလုပ်​ငန်းအစုအဖွဲ့များ
ဖွဲ့စည်းခြင်းနှင့်​ မှတ်​ပုံတင်​ခြင်း နှင့်​ အခန်း (၁၃)တားမြစ်​ချက်​များ ဖြစ်​သည့်​ နှစ်​ခန်းကိုသာ ပြည်​သူ့ကိုယ်​စားလှယ်​များ ​ဆွေး​နွေးရန်​ခွင့်​ပြုခဲ့ခြင်း လုပ်​ရပ်​တစ်​ခုတည်းကပင်​လျင်​ တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ရုပ်​လုံးကို
ထင်​ရှား​စေခဲ့ပြီ ။ကိုင်း..ပြည်​သူတို့ဘယ်​သူ့ကိုအားကိုးယုံကြည်​ကြပါမည်​လဲ ။
အထုတ်​ပါယ်​ခံ နှစ်​​ယောက်​တည်းသာဖြစ်​​သော ဝန်​ကြီးနှစ်​ဦးကို ပါတီဗဟို​ကော်​မတီကဖြစ်​​စေ၊ပါတီဥက္ကဌ အမ ​ဒေါ်​အောင်​ဆန်းစုကြည်​ကဖြစ်​​စေ အဘယ်​အ​ကြောင်း​ကြောင့်​​တွေ့ဆုံရန်​ခွင့်​ မပြုနိုင်​ခဲ့ပါသလဲ ။ထိုဝန်​ကြီးများ ခန့်​ခြင်းဖြုတ်​ခြင်းအလုပ်​သည်​နိုင်​ငံအတွက်​ အ​ရေးကြီး​သောကိစ္စများဖြစ်​​ကြောင်းအသိအမှတ်​မပြုခြင်း​တော့မဖြစ်​တန်​ရာ ။အခန်းဆယ့်​ငါးခန်းပါဝင်​​သောယင်းဥပ​ဒေကို ဘာမှအ​ရေးမပါ​သောအခန်းနှစ်​ခန်းမျှ ဝတ္တရား​ကျေ​ဆွေး​နွေးသည်​ဆိုယုံ​ပြောဆိုပြီး မဲဆန္ဒ​ပေးအတည်​ပြုလိုက်​ခြင်းသည်​ တိုင်း​ဒေသကြီးတခုလုံးရှိပြည်​သူ့ကိုယ်​စားလှယ်​များ ပြည်​သူအ​ပေါ် ယုတ်မာစွာသစ္စာ​ဖောက်​ခြင်းဖြစ်​သည်​ဟု
NLD ပါတီနှင့်​ ပါတီဝင်​အမတ်​များကို မဲ​ပေး​ရွေးခြယ်​ခဲ့​သောပြည်​သူများကစွပ်​စွဲလျင်​ ၎င်းတို့တွင်​မည်​သို့​သောအ​ဖြေများရှိကြ​လေမည်​မသိ။
မိမိတို့အားမဲ​ပေး​ရွေးချယ်​ခဲ့​သောပြည်​သူများ၏ မျက်​နှာကို ဘယ်​လိုကြည့်​ကြမလဲသိပါရ​စေ ပြည်​သူ့ကိုယ်​စား
တော်​ အမတ်​မင်းများခင်​ဗျား ။


ရေချိုငါးဥပ​ဒေနဲ့ ဧရာဝတီ
အပိုင်း (၂)

ဗိုလ်​ချုပ်​စကားအငှါး​ပြောရရင်​​တော့၊စားဖား​တွေညီညွတ်​ကြတဲ့ဧရာဝတီဟာ​ရေကြည်​လဲ​နောက်​ရိုးသားမှုမှန်​သမျှ​ပျောက်​ပြီး ဆယ်​လ​ကျော်​အပတ်​တကုတ်​ကြိုးစားသူဆရာကြီးဦးဗဟိန်းကိုအနား​ပေးနှုတ်​ထွက်​ခိုင်းပြီးတဲ့အခါ အခန်း ၁၅ ခန်း၊ဥပ​ဒေပုဒ်​မ​ပေါင်း ၇၉ ခုပါဝင်​တဲ့
ရေချိုငါးလုပ်​ငန်းဥပ​ဒေကြီးကို ပြည်​သူ့ကိုယ်​စားလှယ်​အနည်းငယ်​အား အခန်း(၈) ရပ်​ရွာအ​ခြေပြုငါးလုပ်​ငန်းအစုအဖွဲ့များဖွဲ့စည်းခြင်းနှင့်​မှတ်​ပုံတင်​ခြင်း ။အခန်း(၁၃)
တားမြစ်​ချက်​များ ။နှစ်​ခန်းကိုသာ ထမင်းတအိုးချက်​​လောက်​​ဆွေး​နွေး​စေပြီး အတည်​ပြုပြဌာန်းခဲ့ကြပါတယ်​။
၂၀၀၈ ဖွဲ့စည်းပုံကို စစ်​အာဏာရှင်​တို့သ​ဘောတူဆုံးဖြတ်​ခဲ့ကြတာနဲ့ တသ​ဘောထဲလို့သာမြင်​သာ​အောင်​​ပြောပါရ​စေ​တော့ ။အခန်း (၆)ဝန်​ကြီးရဲ့လုပ်​ငန်းတာဝန်​ဟူသမျှဟာ အခန်း(၇)ပြည်​နယ်​ငါးဦးစီးရဲ့လုပ်​ငန်းတာဝန်​များနဲ့ စကားအသုံးအနှုန်းအနည်းငယ်​ကွဲလွဲသည်​မှအပ ၊ (ငါးဦးစီးသည်​ဝန်​ကြီးအားအသိ​ပေးပြီး)ဆိုတဲ့စကားလုံးမှတပါး အားလုံးတူမျှစွာပြဌာန်း​ပေးလိုက်​ခြင်းဖြင့်​ ​ခေတ်​အဆက်​ဆက်​ နာမည်​ဆိုးထွက်​ခဲ့​သောသူခိုးကို ဓားရိုးမျှမက ဓားလွတ်​ပါအပ်​နှင်း လိုက်​ခြင်းဖြစ်​ပါတယ်​ ။
အဲ့သ​လောက်​ဂယ်​​ပေါက်​​တွေတသီတတန်းအသင့်​ဖန်​တီး​ပေးထားတဲ့ဥပ​ဒေကိုအတည်​ပြု​ပေးယုံနဲ့အားမရမတင်းတိမ်​တဲ့ ငါးဦးစီးဟာ ​ထွေအုပ်​များပူး​ပေါင်းပါဝင်​တဲ့အင်း​လေလံ​ဈေးများကို တခုတည်း​သာ​​ဘောင်အဖြစ်ဝန်ကြီးအားအသိ​​ပေးရန်အချက်ကိုပာ​​ဖယ်ရှားပြီး ​အချစ်​​တော်​ခရိုနီအင်းသားကြီးများအတွက်​အဆမတန်​​ဈေး​လျှော့​ဠံ​ပေးခြင်းအမှုကိုပါ​ပြောင်​​ပြောင်​တင်းတင်းကျူးလွန်​ပြရင်းပြည်​သူ့အစိုးရနဲ့
ဆင်းရဲသား​ရေလုပ်​သားငယ်​များကိုစိမ်​​ခေါ်လိုက်​ပါ​တော့တယ်​ ။
ဥပမာ ​ရေကြည်​ရှိအင်းများအနက်​အင်း​ပေါင်း
၃၈ အင်းကို​လေလံသတ်​မှတ်​ရာမှာနိုင်​ငံ​တော်​မှရသင့်​ရထိုက်​​သော​ဈေးထက်​ ကျပ်​​ငွေသိန်း​ပေါင်း ၄၈၀၀ ​လျော့နည်းရရှိ​အောင်​​ဆောင်​ရွက်​ခဲ့သည်​ ။ဧရာဝတီတတိုင်းလုံးရှိ အင်း​ပေါင်း ၁၈၀၀ နီးပါးအတွက်​မည်​မျှဆုံးရှုံးနိုင်​မည်​ဆိုသည်​ကို ပြည်​သူများခန့်​မှန်းနိုင်​ကြပါလိမ့်​မည်​ ။တိုင်းငါးဦးစီး​ဒေါက်​တာညွန့်​​ဝေကား ပြည်​ပတွင်​​ဈေးဝယ်​​ကောင်း​နေဆဲ။
ယခုပြသနာကိုအစုအဖွဲ့​ရေလုပ်​သားများနှင့်
လူမှုအကျိုး​ဆောင်​များက မခံမရပ်​နိုင်​ဖြစ်​ကြပြီးလူမှု​ရေးဝန်​ကြီး​ဒေါက်​တာလှမြတ်​​သွေးမှတဆင့်​ ဖြစ်​ပွား​နေ​သောမတရားလာပ်​စားအကျင့်​ပျက်​မှုများကိုတိုင်​ကြားကြခြင်း​ကြောင့်​ ဧရာဝတီတိုင်းကက်​ဘိနက်​မှ ပြန်​လည်​စီစစ်​ရန်​ ​လေလံများကို ရပ်​ဆိုင်းလိုက်​သည့်​အဆင့်​သာဖြစ်​သည်​။လက်​ကုန်​နှိုက်​နိုင်​​အောင်​အတည်​ပြုပြဌာန်း​ပေးလိုက်​​သော ယင်း​ရေချိုငါးဥပ​ဒေအား လက်​ကုန်​ယုံမျှမက ​ခြေကန်​ဆွဲသည်​အထိ မိုက်​မဲစွာပြုလုပ်​ခွင့်​​ပေး​နေသူများကို ပြည်​သူတို့ညီညွတ်​စွာ စီရင်​ချိန်​ကျ​ရောက်​​နေပြီဖြစ်​​ကြောင်းသတိ​ပေးလိုက်​ပါသည်​။
ဧရာဝတီ​ရေအလျင်​မရပ်​ရ​အောင်​ ဧရာဝတီပြည်​သူများအမှန်​တရားဖက်​မှ ခိုင်​မာသတ္တိရှိစွာ ရပ်​တည်​စည်းလုံးခြင်းဖြင့်​ တရားမဲ့မှုအားလုံးကို​ချေမှုန်းကြစို့ ။
သောင်းလှိုင်

No comments:

Post a Comment