Latest News

Monday, May 21, 2018

စီမံ-ဘဏ္ဍာဝန်ကြီး ထွက်ပြီ


စီမံ ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းမှ ၎င်း၏ နှုတ်
ထွက်စာကို သမ္မတ ထံ တင်သွင်းလိုက်ပြီ ဖြစ်
တယ်လို့ ဧရာဝတီ သတင်းစာမှ ဖေါ်ပြထားပါ
တယ်။ ၎င်းနှင့် သားဖြစ်သူအား အကျင့်ပျက် ခြစားမှုကော်မရှင် နှင့် စသုံးလုံးမှ စတင်စုံစမ်းစစ်
ဆေးမှုများ ပြုလုပ်နေပြီဟု သတင်းများ ထွက်
ပေါ်နေချိန်တွင် အခုလို နှုတ်ထွက်သွားခြင်းပင်
ဖြစ်ပါတယ်။

၎င်း၏ ရန်ကုန် အိမ်အားလည်း ၀င်ရောက်ရှာ
ဖွေကြသည်ဟုလည်း သတင်းများက ဆိုပါ
တယ်။ အဆိုပါ သတင်းများအားလုံးကို စုံစမ်း
ရေး ကော်မရှင်က ငြင်းဆိုခြင်း မရှိတာ တွေ့ရ
ပါတယ်။

ထိုသို့ နှုတ်ထွက်ခြင်းအား အမြဲတမ်း အတွင်းဝန်
ပင် သိရှိပုံ မရသဖြင့် ညနေ ၃:၄၀ အထိ ရုံးမှာခ
ထိုင်နေဆဲလို့ ဆိုပါတယ်။

ဤသည်ကား အင်အယ်ဒီအစိုးရ အဖွဲ့ အတွင်း
အကျင့်ပျက် ခြစားမှုများဖြင့် သံသယ ရှိခြင်း.ခံရသူ များ ထဲတွင် ရာထူး အမြင့်ဆုံးပင် ဖြစ်ပါ
တယ်။

နေပြည်တော်တွင် မူကား ၎င်း၏ နေရာကို မည်
သူ ဆက်ခံမလဲဆိုတာနဲ့ ပါတ်သက်ပြီး ထင်
ကြေးတွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

ထိပ်ဆုံးမှ ပြေးနေသူက အမျိုးသား စီးပွားရေး
ညှိနိုင်းဆောင်ရွက်ရေး ကော်မီတီမှ အဖွဲ့ဝင်
ဦးမျိုး မြင့်ပဲ ဖြစ်ပါတယ်။ ဦးမျိုး မြင့်သည် အင်
အယ်ဒီမှ ကမကထ ပြုထားတဲ့ တွေးခေါ်မျော်
မြင်ရေး အဖွဲ့ ဖြစ်သော Renaissance Institute ရဲ့ ဥက္ကဌ လည်း ဖြစ်ပါတယ်။ စီမံ-ဘဏ္ဍာ ၀န်ကြီးဌာနမှ နှစ်ပေါင်း ၂၀ နီးပါး
လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပြီး ၁၉၈၈ ဒီမိုကရေစီ
အရေးတော်ပုံကြီးတွင် ပါဝင် ပါတ်သက်ခဲ့မှု
ဖြင့် ဒုတိယ ညွှန်ကြားရေးမှုး ရာထူးမှ အနားပေး
ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

နောက်ထပ် နာမည်ထွက်လာသူကတော့ စီမံ
ဘဏ္ဍာရဲ့ ဒုတိယ ၀န်ကြီး ဦးစက်အောင်ပဲ ဖြစ်
ပါတယ်။ ဦးစကိအောင်သည် သီလ၀ါ စီးပွားရေး
ဇုံ၏ စီမံခန့်ခွဲရေး ကော်မီတီ ဥက္ကဌလည်း ဖြစ်
ပါတယ်။

ဦးကျော်ဝင်းနှင့် ပါတ်သက်သော သတင်းများ
က ဟုတ်မဟုတ် မသိနိုင်သော်လည်း သားဖြစ်
သူ က နာမည် အတော်ထွက်လာခဲ့တယ်လို့
သတင်းများက ဆိုပါတယ်။

ဦးကျော်ဝင်း ကိုယ်၌လည်း Brooklyn Park University ကနေ အွန်လိုင်း. ဒေါက်တာ ဘွဲ့ အတု ကို အစစ် ဖြစ်လေဟန် ကိုယ်ရေးရာဇ၀င်မှာ ဖေါ်
ပြခဲလို့ ဆိုရှယ် မီဒီယာ ပေါ်မှာ ပွက်လောရိုက်
ခြင်း ခံခဲ့ရပေမယ့် ရာထူးက ဖယ်ရှားတာမျိုး
မလုပ်ခဲ့တာလည်း တွေ့ရပါတယ်။

ဦးကျော်ဝင်းသည် လပ္ပတာ မြို့ ဇာတိ ဖြစ်ပါ
တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်
စားလှယ် အဖြစ် ဒဂုံဆိပ်ကမ်း မှ ရွေးချယ်ခံခဲ့
ရသူ ဖြစ်ပါတယ်။
လှစိုးဝေ
ကိုးကား။ ။ ဧရာဝတီ

No comments:

Post a Comment