Latest News

Friday, May 25, 2018

ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရေး ဆွေးနွေးရန် မိုရာတာနှင့် ၎င်း၏အေးဂျင့် အီတလီသို့ ရောက်ရှိနေ

ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရေး ဆွေးနွေးရန် မိုရာတာနှင့် ၎င်း၏အေးဂျင့် အီတလီသို့ ရောက်ရှိနေ

မီလန် မေ ၂၄

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေရာသီက ပေါင် ၆၅ သန်းဖြင့် ခေါ်ယူခဲ့သော စပိန်တိုက်စစ်မှူး မိုရာတာသည် ယခုအပြောင်းအရွှေ့ဈေးကွက်တွင် အသင်းပြောင်းရန် အလားအလာရှိနေရာ ယမန်နေ့က ၎င်းကို မီလန်မြို့၌ အေးဂျင့်နှင့် အတူတွေ့ရပြီး မီလန်မြို့ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခု၏ အပြင်၌ ဂျူဗင်တပ်စ်အသင်း အားက စားဒါရိုက်တာ ဖေဘီယိုပါရာတီစီနှင့် တွေ့ဆုံခဲ့သည်ကို သိရသောကြောင့် ဂျူဗင်တပ်စ် သို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာသည်။

မိုရာတာသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ထင်သ လောက်ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ယခင်ကစားဖူးသော ဂျူဗင် တပ်စ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေခြင်း ဖြစ်ဖွယ်ရှိနေသည်။

မိုရာတာသည် ဂျူဗင်တပ်စ်အသင်းတွင် နှစ်ရာသီကြာ ခြေစွမ်းပြကစား နိုင်ပြီး မိခင်အသင်းဖြစ်ေ သာ ရီးယဲလ်အသင်း၏ ပြန်လည်ဝယ်ယူခြင်း ခံရသော်လည်း ရီးယဲလ်အသင်းတွင် နေရာမရနိုင်သလို ချယ်လ်ဆီးအသင်းတွင်လည်း အောင်မြင်မှု မရနိုင်သေးပေ။ ၎င်းကို အေစီမီလန်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေခြင်းကြောင့် မိုရာတာကို ချယ်လ်ဆီး အသင်းက သင့်လျော်သည့်ဈေးနှုန်းရလျှင် ရောင်းထုတ်ရန် ပြင်ဆင် ထားပြီးဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် မိုရာတာကို ရောင်းထုတ်ပြီးလျှင် ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး သို့မဟုတ် မန်ယူမှ မာရှယ်တို့ကို ခေါ်ယူရန် ပြင်ဆင်ထား သည်။

MWD

No comments:

Post a Comment