လောက်ကိုင်၌ စိတ်ဖောက်ပြန်နေသူက ဓားဖြင့်ခုတ်မှုဖြစ်ပွား
နေပြည်တော် မေ ၂၄
လောက်ကိုင်မြို့နယ် မန်တုံပါးကျေးရွာ အုပ်စု ဟိုစင်ချုံးကျေးရွာမှ မူးယစ် ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်နေသူ ကျင်လောက်အိုင် ဆိုသူက ဇနီးနှင့် သမီးအပါအဝင် ရွာတွင်တွေ့ရှိသူများ အား “ ဓားဖြင့်ခုတ်သဖြင့် ခြောက်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ ကျင်လောက်အိုင်မှာလည်း ခုခံကာကွယ် သူများကြောင့် သေဆုံးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ မေ ၂၂ ရက် ည ၁၁ နာရီခွဲခန့်တွင် ကျင်လောက်အိုင်သည် နေအိမ်၌ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်ကာ နေအိမ်အတွင်း ရှိနေသည့် ဇနီးဖြစ်သူ ဒေါ်ယောင် ရှောက်စန်း (၃၂နှစ်)နှင့် သမီးဖြစ်သူ မကျင်စောက်စန်း(၆နှစ်)တို့အား ဓားဖြင့် ခုတ်ခဲ့ပြီးနောက် ရွာထဲသို့ ထွက်သွားကာ ကျေးရွာအတွင်းရှိ နေအိမ်များအား တံခါးလိုက်ခေါက်၍ တွေ့ရှိသူများကို ဓားမဖြင့် လိုက်လံခုတ်သဖြင့် ရွာသား များဖြစ်သည့် ဦးဝမ်လောက်ဆေး၊ ဦးလီ လောက်စစ်တို့က ခုခံကာကွယ်သော ကြောင့် ကျင်လောက်အိုင်မှာဒဏ်ရာများ ရရှိကာ သေဆုံးသွားကြောင်းသိရသည်။
ဖြစ်စဉ်တွင် ဒေါ်ယောင်ရှောက်စန်း (ပြစ်မှုကျူးလွန်သူ၏ဇနီး)၊ မကျင် စောက်စန်း (ပြစ်မှုကျူးလွန်သူ၏သမီး)၊ ရွာသူရွာသားများ ဖြစ်ကြသည့် မောင်ယောက်ကွမ်းချန်၊ မောင်ယောက် ကွမ်းရှော၊ လီကွမ်ဝယ်၊ မယင်စီ၊ ဒေါ်ကျောက်မိန်၊ ဒေါ်မာစန်း၊ ဒေါ်ရန် စစ်ဟွာ၊ ဦးရောင်လောက်စန်း၊ မောင်ရောင်ကိုက်ချုံး၊ ဒေါ်ရောင်ရှောက် တာ၊ ဒေါ်ရောင်ရှောက်အဲနှင့် မရှောက် ဖေးတို့မှာ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ပြီး ဒေါ်ဝမ်ရှောက်စန်း၊ ဦးလီလောက်စစ်၊ ဒေါ်ယောက်ရှောက်တာ၊ မောင်ကျင်းဝေ၊ ဝမ်လောက်ဆေးနှင့် ဦးယောင်လောက် စန်းတို့မှာ သေဆုံးသွားကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment