Latest News

Tuesday, May 8, 2018

နဘားလမ်းဆုံတွင် တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ

နဘားလမ်းဆုံတွင် တရားမဝင်သယ်ဆောင်လာသည့်
ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ

အင်းတော် မေ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နဘားလမ်းဆုံတွင် မေ၇ရက် ည၇နာရီက မော်တော်ယာဉ်ဖြင့် တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး(၆၀)ပိဿာအား သိမ်းဆည်းရမိကြောင်း သိရသည်။

 ဖြစ်စဉ်မှာ နဘားရဲကင်းစခန်းမှ ရဲအုပ်ခင်ဇော်ထိုက် ဦးစီးတပ်ဖွဲ့ဝင်များသည် သတင်းအရ မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နဘားလမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ မိုးညှင်းခရိုင် ဖားကန့်မြို့ မရှီးကထောင်းရပ်ကွက်နေ ယာဉ်မောင်း ကျော်သူ(၃၀)နှစ် မောင်းနှင်လာသည့် TOYOTA CAMRYACV အမျိုးအစား MDY-7C---- နံပတ်ပါ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ဂီယာအုံအောက်တွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် တရားမဝင်ကျောက်စိမ်းတုံး(၅၁)တုံး၊အလေးချိန်(၆၀)ပိဿာအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကျော်သူအား အင်းတော်မြို့မရဲစခန်းတွင် မြန့်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ


No comments:

Post a Comment