Latest News

Tuesday, May 8, 2018

ဆားလင်းကြီးမြို့နယ်​တွင်​ လူကိုရိုက်၍ ဆိုင်ကယ်လူယူခံရမှုဖြစ်ပွား

ဆားလင်းကြီးမြို့နယ်​တွင်​ လူကိုရိုက်၍ ဆိုင်ကယ်လူယူခံရမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီး-ညောင်ပင်ကြီးသွားကားလမ်း၌ မေလ (၇)ရက်နေ့ ည (၈း၃ဝ)အချိန်က လူကိုရိုက်၍ဆိုင်ကယ်လုယူမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဆားလင်းကြီးမြို့နယ်၊ ပလောင်ကျေးရွာနေ ကိုညိုလင်း (၄၅)နှစ်သည် ဆားလင်းကြီးမြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာမှ ကြက်ဝယ်ပြီး ၄င်းနေထိုင်သော ပလောင်ကျေးရွာသို့ ဆိုင်ကလုံးအမျိုးအစား မော်တော်ဆိုင်ကယ်ကို စီးနင်း၍ ပြန်လာစဉ် ဆားလင်းကြီး-ညောင်ပင်ကြီးသွားကားလမ်း၊ ပိုင်းတောင်ကြီးကျေးရွာဇရပ်အနီးတွင် အမည်မသိ(စုံစမ်းဆဲ)လူတစ်ဦးမှ ကိုညိုလင်းစီးနင်းလာသော ဆိုင်ကယ်အား တား၍ ရပ်တန့်ပေးလိုက်ရာ အမည်မသိသူမှ တုတ်ဖြင့် ရိုက်လိုက်သဖြင့် ကိုညိုလင်းမှာ လမ်းဘေးသို့ လဲကျသွားပြီး ကိုညိုလင်းစီးနင်းလာသော ဆိုင်ကယ်နှင့် ကြက်များကိုပါ ယူဆောင်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ကိုညိုလင်းမှာ ရရှိသောဒဏ်ရာဖြင့် ဆားလင်းကြီးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်းသိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ဆားလင်းကြီးမြို့မရဲစခန်းမှ လူကိုရိုက်၍ ဆိုင်ကယ်လုယူထွက်ပြေးနေသူအား အမှုဖွင့်လိုက်လံစုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

ဦးငယ်(ဆားလင်းကြီး)

No comments:

Post a Comment