Latest News

Thursday, May 10, 2018

ဂျပန်အစိုးရနှင့် ပြည်သူတို့၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်သော သူရိယတံတားဖွင့်ပွဲကျင်းပ

ဂျပန်အစိုးရနှင့် ပြည်သူတို့၏ ထောက်ပံ့မှုဖြင့်
ဆောင်ရွက်သော သူရိယတံတားဖွင့်ပွဲကျင်းပ

အောင်လံ မေ ၉

မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  အောင်လံမြို့နယ်တွင်  ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့  (JIP) ၏  စီမံမှု၊ ဂျပန်အစိုးရနှင့်ပြည်သူတို့၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ထောက်ပံ့ ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော  ရွာမထုံး ကျေးရွာနှင့်    ဆင်ကျန်ကျေးရွာချောင်းကူး    (သူရိယတံတား) ဖွင့်ပွဲ  အခမ်းအနားကို မေ ၈ ရက် နံနက် ၉ နာရီက  အဆိုပါ   တံတားထိပ်မုခ်ဦး၌  ကျင်းပခဲ့
သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးအတွင်းဝန် Mr.IWASE Keita၊
(JIP) ဒု-ဥက္ကဋ္ဌ ASAKURA Hajime  နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။    

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အဖွင့်အမှာစကားပြောကြားကာ ဂျပန် သံရုံးအတွင်းဝန် Mr.IWASE Keitaနှင့်(JIP)ဒု-ဥက္ကဋ္ဌ ASAKURA Hajimeတို့ကတံတားဆောက်လုပ်လှူဒါန်း ရခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြ သည်။

 ထို့နောက်(JIP)ဒု-ဥက္ကဋ္ဌ ASAKURA Hajimeက  သူရိယတံတားနှင့်သက်ဆိုင်သော    စာရွက်စာတမ်း များကို ဝန်ကြီးဦးဇော်မင်းထံလွှဲပြောင်းပေးအပ်ပြီး တာဝန် ရှိသူများက တံတားအားဖဲကြိုးဖြတ်ဖွင့်လှစ်ကာ တံတား ပေါ်တွင်လျှောက်လှမ်းကြည့်ရှုခြင်း၊ အထိမ်းအမှတ်သစ်ပင် စိုက်ခြင်း၊ သူရိယတံတားအထိမ်းအမှတ်ကျောက်စာတိုင် အား နံ့သာရည်ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

သိန်းလွင်(အောင်လံ)

No comments:

Post a Comment