Latest News

Thursday, May 10, 2018

အောင်ပွဲရ မြန်မာလှေလှော်အားကစားအဖွဲ့အား ကြိုဆို

အောင်ပွဲရ မြန်မာလှေလှော်အားကစားအဖွဲ့အား ကြိုဆို

ရန်ကုန် မေ ၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ်-တိုင်ပေ)တွင် မေ ၅ ရက်မှ ၈ ရက်အထိ ကျင်းပသည့် Asian Dragon Boat Championships-2018 ပြိုင်ပွဲတွင် ပွဲစဉ်ငါးမျိုးယှဉ်ပြိုင်ခဲ့ရာ ပထမနေ့ အမျိုးသား အမျိုးသမီး အရော (၁ဝ)တက်လှော် မီတာ(၂ဝဝ)နှင့် မီတာ(၅ဝဝ) အပြည်ပြည်ဆိုင်ရာအိုးပင်းပြိုင်ပွဲ  များ၌ ရွှေတံဆိပ် နှစ်ခု၊ အာရှနဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသား အမျိုးသမီး  အရော (၁ဝ)တက်လှော် မီတာ(၅ဝဝ)ပြိုင်ပွဲ၌ ရွှေတံဆိပ်နှင့် အမျိုးသမီး မီတာ (၅ဝဝ)ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသား(၁ဝ)တက်လှော် မီတာ(၅ဝဝ) ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုနှင့် မေ ၈ ရက် နောက်ဆုံးနေ့၌ အာရှနဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲ  အမျိုးသား မီတာ(၂ဝဝ)ပြိုင်ပွဲတွင်  ငွေတံဆိပ်တစ်ခု၊ အမျိုးသမီး မီတာ(၂ဝဝ)ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ အမျိုးသား အမျိုးသမီး အရော (၁ဝ)တက်လှော် မီတာ(၂ဝဝ)ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်လှေလှော်အသင်းသည် ယခုပြိုင်ပွဲ၌ ပြိုင်ပွဲရှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ရရှိခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တိုင်း၌ ဆုတံဆိပ်များရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါအောင်ပွဲရ မြန်မာ့လက်ရွေးစင်လှေလှော်အသင်းသည် ယနေ့ နံနက်တွင် တရုတ်(တိုင်ပေ)မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ အားကစား နှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်နှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၊ မိဘဆွေမျိုးများက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ကြိုဆိုကြကြောင်း သိရသည်။                                    

ကြေးမုံ

No comments:

Post a Comment