Latest News

Friday, May 18, 2018

အမေရိကန် အပါအဝင် အဖွဲ့အစည်း အားလုံး အနေဖြင့် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အခွင့်အရေးကို တန်ဖိုးထားသင့်ဟု တရုတ်ဆို

အမေရိကန် အပါအဝင် အဖွဲ့အစည်း အားလုံး အနေဖြင့် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အခွင့်အရေးကို တန်ဖိုးထားသင့်ဟု တရုတ်ဆို

ပေကျင်း   မေ   ၁၇

ကိုရီးယား ကျွန်းဆွယ်၌  တင်းမာမှုများ လျော့ကျရန် လုပ်ဆောင်သည့် မြောက်ကိုရီးယား၏ ဆောင်ရွက်ချက် များကို အသိ အမှတ်ပြုသင့်ပြီး  အမေရိကန် အပါအဝင်  အဖွဲ့အစည်း အားလုံးအနေဖြင့် ငြိမ်းချမ်းရေးအတွက် ယင်းအခွင့် အရေးကို တန်ဖိုးထားသင့်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ပြောသည်။

ဝမ်ယီသည်  ပြင်သစ်နိုင်ငံ  ပဲရစ်မြို့သို့ တရားဝင် အလည်အပတ်ခရီး ရောက်ရှိနေစဉ် မေ  ၁၆ရက်တွင် ယင်းကဲ့သို့ ပြောခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ အကြား ကျင်းပရန်စီစဉ်  ထားသည့် ဆွေးနွေးပွဲကို ရုပ်သိမ်းမည်ဟု မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက်ပြီးနောက်  ယင်းသမိုင်းဝင် ဆွေးနွေးပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်လုပ်ရန် အမေရိကန်နှင့် မြောက်ကိုရီးယားကို တရုတ်က မေ ၁၆ ရက်တွင် တိုက်တွန်းထားသည်။

ထို့ပြင် မြောက်ကိုရီးယား အစိုးရသည် အမေရိကန်- တောင်ကိုရီးယား ပူးတွဲလေ ကြောင်း စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် မေ ၁၆ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် အဆင့်မြင့် ဆွေးနွေးပွဲကို လည်းဖျက်သိမ်းခဲ့ပြီး ယင်းစစ်ရေး လေ့ကျင့်မှုကို ရန်စမှုအဖြစ် အပြစ်တင်ရှုတ်ချ ထားသည်။

ရည်မှန်းချက်များ အောင်မြင်ရေးကြိုးပမ်းနေသည့် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ အကြား ထိပ်သီး ဆွေးနွေးပွဲမှာ ချောမွေ့စွာကျင်းပနိုင်ပြီး ရလဒ်ကောင်းများ ရရှိနိုင်မည်ဟု တရုတ်အစိုးရက မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူကန်းက ပြောထားသည်ဟု သိရသည်။

MWD

No comments:

Post a Comment