Latest News

Friday, May 18, 2018

အိန္ဒိယ နိုင်ငံသို့ ကွမ်းသီးတင်ပို့ မှု ကျဆင်းသည့်အပြင် ပြည်တွင်း ဈေးကွက်၌လည်း ဈေးနှုန်းများ ကျဆင်းလာ

အိန္ဒိယ နိုင်ငံသို့ ကွမ်းသီးတင်ပို့ မှု ကျဆင်းသည့်အပြင် ပြည်တွင်း ဈေးကွက်၌လည်း ဈေးနှုန်းများ ကျဆင်းလာ

ရန်ကုန်  မေ  ၁၇

အင်ဒိုနီးရှားကွမ်းသီးနှင့် ဈေးကွက်ချင်း မယှဉ်နိုင်သောကြောင့် အိန္ဒိယသို့ ကွမ်းသီး တင်ပို့မှု ကျဆင်းလာသည့်အပြင် ပြည်တွင်း ဈေးကွက်၌လည်း ကွမ်းသီးဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း  ကွမ်းသီး ကုန်သည်များထံမှ သိရသည်။ အိန္ဒိယနိုင်ငံသို့    မြန်မာနိုင်ငံအပြင်    အင်ဒိုနီးရှား နိုင်ငံကလည်း  ကွမ်းသီး တင်ပို့လျက်ရှိရာ ဈေးနှုန်းကွာခြားမှု ရှိသည့်အတွက်  တင်ပို့မှုတချို့ ရပ်ဆိုင်းသည်အထိ ရှိလာသည်။

''အင်ဒိုနီးရှားနိုင်ငံက ကွမ်းသီးက  ဈေးနှုန်း သက်သာတဲ့အတွက် ဈေးကွက်ချင်း မယှဉ်နိုင်တာပါ။ အိန္ဒိယနိုင်ငံကို မြန်မာနိုင်ငံက ကွမ်းသီး တင်ပို့နေကျပါ'' ဟု တမူးနယ်စပ် ကုန်သွယ်ရေး     ကုန်သည် များ အသင်းမှ ဥက္ကဋ္ဌ ဦးလှမောင် ကပြောသည်။

လက်ရှိကွမ်းသီးဈေးနှုန်းများမှာ ထားဝယ်ခြမ်း (ထားဝယ်အထိုင်)  ငွေကျပ်  ၃၄ဝဝ၊ ကော့သောင်းခြမ်း    (မော်လမြိုင်အထိုင်) ငွေကျပ် ၃၆ဝဝ နှင့်  မြိတ်လုံး  (မြိတ်ထိုင်) ငွေကျပ် ၃၆ဝဝ ဈေးနှုန်းရှိပြီး ယခင်လကထက် ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။

 ''ကွမ်းသီးဈေးနှုန်းက  အကျပိုင်းကို ရောက်နေတော့   ဈေးနှုန်းဆက်ကျဖို့ မရှိတော့ပါဘူး။ ဒီလကုန်အထိ ဈေးနှုန်းတက်ဖို့လည်း မရှိပါဘူး''ဟု   ကွမ်းသီးကုန်သည် ဦးအောင်ငွေ ကပြောသည်။      

မွန်ပြည်နယ် ရေးမြို့နယ်သည်  ကွမ်းသီး အများဆုံးထွက်ရှိရာ  ဒေသတစ်ခုဖြစ်ပြီး တစ်နှစ်လျှင်  ကွမ်းသီးပိဿာချိန် ၆ဝ ရှိ ကွမ်းသီးအိတ်ရေ တစ်သိန်းကျော်ထွက်ရှိကာ  ပြည်တွင်းဈေးကွက်သို့  တင်ပို့ရောင်းချနေကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ကွမ်းသီးများကို တမူးနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှအိန္ဒိယနိုင်ငံသို့တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment