ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်အမှတ်၊ ၂/၂ဝ၁၈ ၁၃၈ဝ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် (၂ဝ၁၈ ခုနှစ်၊ မေလ ၈ ရက်)
၁။ နိုင်ငံတော်သမ္မတသည် မိမိဦးစီးသည့်တစ်စီးပွားတည်းဖြစ်သော မိသားစု ပိုင်ဆိုင်မှု ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၆၈နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၁ဝဝ တို့ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။
၂။ အလားတူ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော် သမ္မတက ယခင် ခန့်အပ်ခဲ့သော ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များနှင့် ထပ်မံ ခန့်အပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတက ခန့်အပ် တာဝန်ပေးအပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် တို့သည် လည်းကောင်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁ဝ၁ပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော် သမ္မတထံသို့ ပေးပို့တင်ပြထားပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။
MWD
No comments:
Post a Comment