Latest News

Tuesday, May 8, 2018

ဟိုက်ဂျက်ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိကာ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိ

ဟိုက်ဂျက်ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိကာ
 ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိ

ပေါင် ၊ မေ ၊ ၈

 မွန်ပြည်နယ်၊ ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက် အဝေးပြေးကားလမ်းမပေါ်တွင် မေ ၇ ရက် ည ၁၁ နာရီခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိကာလူ ၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးသေဆုံးခဲ့ကြောင်းပေါင်မြို့မ ရဲစခန်းမှ သိရသည်။

ရန်ကုန်-မော်လမြိုင်အဝေးကားလမ်းမကြီး စမ်းညီနောင်တံတားအနီးမိုင်တိုင်အမှတ် ၈/၁၇၁ နှင့် ၇/၁၇၁ အကြားသထုံ မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ဟိုက်ဂျက်အမျိုးအစားယာဉ်သည် စမ်းညီနောင်တံတားအရောက်တွင် တဖက်ယာဉ်ကြောမှ အမျိုးသားတစ်ဦးမောင်းပြီးအနောက်တွင် အမျိုးသားတစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်နှင့် လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီးယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူနှင့် လိုက်ပါလာသူ ၂ ဦးစလုံးအခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီးမော်တော်ယာဉ်မောင်းနှင့်ယာဉ်ပေါ်လိုက်ပါလာသူအမျိုးသမီးတို့မှာဒဏ်ရာများရရှိခဲ့ကြောင်းရဲမှတ်တမ်းများမှ သိရသည်။

သို့ဖြစ်ပါ၍ဟိုက်ဂျက်ယာဉ်မောင်းနှင့်ဆိုင်ကယ်မောင်းသူတို့ကို အမှုဖွင့်ထားကြောင်းပေါင်မြို့မ ရဲစခန်းမှ သိရသည်။

ကိုဟိန်း ( ပေါင် )

No comments:

Post a Comment