Latest News

Thursday, May 10, 2018

မိုင်းလုံးရပ်ကွက်ရှိ ၀ါဆိုဘုန်းတော်ကြီးကျောင်းတိုက် မီးလောင်မှုဖြစ်

မိုင်းလုံးရပ်ကွက်ရှိ ၀ါဆိုဘုန်းတော်ကြီးကျောင်းတိုက် မီးလောင်မှုဖြစ်

လွိုင်ကော်   မေ   ၁၀

 ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် ခန့်မှန်းမြေပုံညွှန်း LB-12107502 ရှိ ၀ါဆိုဘုန်းတော်ကြီး ကျောင်းတိုက် သည် မေ ၁၀ ရက် နံနက် (၀၀း၃၀)နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းရာသို့ ကယားပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဦးမြင့်ဇော် ဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၄၇)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၀)ဦး၊ မီးငြိမ်းသတ်ယာဉ် (၁၀)စီး၊ ရေသယ်ယာဉ် (၄)စီး ၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မိုင်းလုံးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြငြိမ်း နှင့် ရပ်ကွက်နေပြည်သူတို့မှ ၀ိုင်းဝန်း၍ ငြိမ်းသတ်ခဲ့ရာ နံနက် ၀၁း၀၀ နာရီအချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး နံနက် (၀၁း၃၀)နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 မီးလောင်မှုဖြစ်စဉ်မှာ သစ်သားဘုရားစင်ပေါ် မီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ဘုန်းတော်ကြီးကျောင်း ပေ (၈၀x၆၀) ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ ရေနံကြီးသုတ်၊ နှစ်ထပ်ကျောင်းဆောင် မီးလောင်မှု Level -2 အဆင့် မီးလောင်ကျွမ်းမှုကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညိန္ဒသီရိ ၊ သက်တော် (၈၅)နှစ်၊ ၀ါတော် (၆၅)၀ါ (ခန္ဓာကိုယ်အောက်ပိုင်း လေဖျန်း၍ လမ်းမလျှောက်နိုင်)သည် မီးလောင်ကျွမ်းခြင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၆၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ နံနက် ၀၂း၁၅ နာရီအချိန်တွင် ဆရာတော်၏ ရုပ်ကလပ်တော်ဟု ယူဆရ အား တွေ့ရှိခဲ့ရာ နံနက် ၀၂း၃၀ အချိန် ရွှေလွိုင်ကော် လူမှုကူညီရေးကားဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး လွိုင်ကော်မြို့မရဲစခန်းမှ  အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 အဆိုပါ မီးလောင်ကျွမ်းရာနေရာသို့ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းကြည်၊ လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ဌေး၊ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုး တို့မှ လာရောက်၍ မီးငြိမ်းသတ်ရာတွင် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုစိုင်း (လွိုင်ကော်)

No comments:

Post a Comment