Latest News

Thursday, May 10, 2018

ဆွမ်ဆီးကို ဆောက်သမ်တန် အနိုင်ရ၍ ဝက်စ်ဘရွန်း တန်းဆင်း

ဆွမ်ဆီးကို ဆောက်သမ်တန် အနိုင်ရ၍ ဝက်စ်ဘရွန်း တန်းဆင်း

မစ်ဒ်လန်း မေ ၉

ဆောက်သမ်တန်အသင်းသည် ယမန်နေ့ညက ယှဉ်ပြိုင်ကစားသော ပရီးမီးယားလိဂ်ပွဲစဉ်၌ ဆွမ်ဆီးအသင်းကို တစ်ဂိုးတည်းဖြင့် အနိုင်ရရှိခြင်းကြောင့် ဝက်စ်ဘရွန်းအသင်းမှာ ပရီး မီးယားလိဂ်မှ တန်းဆင်းသွားခဲ့ရသည်။ ဝက်စ်ဘရွန်းအသင်းမှာ ရလဒ်ဆိုးများကြောင့် နည်းပြ အလန်ပါဂျူးကို ထုတ်ပယ်ပြီး ယာယီနည်းပြ အဖြစ်  ဒါရင်းမိုးကို ခန့်အပ်ပြီးနောက် ဧပြီလအတွင်းက ကစားသည့် ပထမလေးပွဲတွင် ရှစ်မှတ်ရယူနိုင်ခဲ့ကာ ၎င်းလက်ထက် ငါးပွဲတွင် သုံးပွဲနိုင်၊ နှစ်ပွဲသရေ ကစားနိုင်ခြင်းကြောင့် ဧပြီလ တစ်လတာ အကောင်းဆုံး နည်းပြဆုကို ဒါရင်းမိုး ဆွတ်ခူးရရှိပြီး နောက်လေးနာရီ အကြာမှာပင် အသင်းမှ ဆွမ်ဆီးနှင့် ဆောက်သမ်တန် ပွဲရလဒ်ကြောင့် တန်းဆင်းသွားခဲ့ရသည်။

ဝက်စ်ဘရွန်းအသင်းသည် နည်းပြဒါရင်းမိုးလက်ထက်တွင် မန်ယူကိုအဝေးကွင်း၊ စပါးကို အိမ်ကွင်းပွဲများ၌ အနိုင်ရရှိခဲ့ပြီး လီဗာပူးကိုလည်း နောက်ကျချေပ ဂိုးများဖြင့် နှစ်ဂိုးစီသရေ ကစားနိုင်သည့်အတွက် တန်းဆင်းဇုန် မှလွတ်မြောက်ရန် အကောင်းဆုံး စွမ်းဆောင်နိုင်သည့်အသင်းအဖြစ် သတ်မှတ်ထားကြသော်လည်း ဆွမ်ဆီး ပွဲရလဒ်ကြောင့် ပရီးမီးယား လိဂ်တွင် ဆက်လက်ရပ်တည်ခွင့် မရှိတော့ပေ။ ဒါရင်းမိုးသည် ရရှိခဲ့သော တစ်လတာ အကောင်းဆုံးနည်းပြဆုကို တစ်သင်းလုံးနှင့် သက်ဆိုင်သည့် ဆုအဖြစ် သတ်မှတ်ကာ အ သင်းလေ့ကျင့် ရေးကွင်း၌ အသင်းသား ဝန်ထမ်း ၁၁၈ ဦးနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့သည်မှာ မေ ၈ ရက် ဒေသစံ တော်ချိန် ညနေ ၄ နာရီဖြစ်သော်လည်း အသင်းမှာ ည ၉ နာရီ မိနစ် ၄ဝ မှာပင် တန်းဆင်းသွားရခြင်းဖြစ်သည်။

ဒါရင်းမိုး တစ်လတာ အကောင်းဆုံး နည်းပြဆုရခဲ့ခြင်းမှာ ခရစ္စဟောက်တန်ပြီးနောက် ဒုတိယမြောက်ထိုဆုရသော နည်းပြအဖြစ် မှတ်တမ်းတင်နိုင်ပြီးမှ အသင်းမှာ တန်းဆင်းသွား ရခြင်း ဖြစ်သည်။ နည်းပြဒါရင်းမိုးသည် ဝက်စ်ဘရွန်းအသင်းအား စတင်တာဝန်ယူစဉ်တွင် အသင်းမှာ တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ၁ဝ မှတ်အ လိုအနေအထားမှ ရလဒ်ကော င်းများကြောင့် တန်းဆင်းဇုန်မှ လွတ်မြောက်လုနီး အနေအထား ရောက်ခဲ့ပြီးမှ တန်းဆင်းသွားရခြင်း ဖြစ်သည်။

ဒါရင်းမိုးက မိမိတို့အသင်း ပေါင်းစည်းခြင်းကို ပြသနိုင်ခြင်းကြောင့် ယခုကဲ့သို့ စွမ်းဆောင်နိုင်ခြင်းဖြစ်ရာ တစ်ရာသီတည်းဖြင့် တန်းပြန်တက်လာနိုင်မည်ဟု ပြောသည်။

MWD

No comments:

Post a Comment